Home / 2020 / January / 16

Daily Archives: January 16, 2020

ရန်ကုန်-ပြည် ကတ္တရာလမ်း တိုးချဲ့ဖောက်လုပ်နိုင်ရေး တွေ့ဆုံညှိနှိုင်း

FI

ဇန်နဝါရီ ၁၆ (ပဲခူး) =========================== ဇန်နဝါရီလ (၁၆)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး၊ သုံးဆယ်မြို့မှ ပြည်မြို့အထိ ကတ္တရာလမ်း တိုးချဲ့ဖောက်လုပ်နိုင်ရေး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် Max Highway Co., Ltd တို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် သေကြေပျက်စီးမှုသည် တစ်နှစ်လျှင် လူဦးရေပျှမ်းမျှ (၆၀၀၀)ဝန်းကျင်ခန့်ရှိပြီး ထိခိုက်ဒဏ်ရာကြောင့် အလုပ်မလုပ်နိုင်သည့် လူဦးရေ နှစ်စဉ် ပျှမ်းမျှ(၅၀၀၀)မှ(၁၀၀၀၀)ဝန်းကျင်ခန့် ရှိကြောင်း၊ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနေရမှုကို လျော့ချပေးနိုင်ရန်အတွက် လမ်းများတိုးချဲ့ခြင်း၊ လမ်းမီးများ စိုက်ထူခြင်း၊ လမ်းအင်္ဂါရပ်နှင့်အညီ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် လူသွားလမ်းပလက်ဖောင်းများ စသည်တို့ကို မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယာဉ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းတွင် မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး …

Read More »

သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် IFC မှ ကူညီပံ့ပိုးပေးရန် လာရောက်ဆွေးနွေး

FI

ဇန်နဝါရီ ၁၆ (ပဲခူး) =============== ဇန်နဝါရီလ (၁၆)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးတိုင်းဒေသကြီးအတွင်း သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် International Finance Corporation (IFC) မှ Senior Private Sector Specialist , Mr. Martin Albani ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Mr. Martin Albani က မိမိတို့အဖွဲ့သည် ကမ္ဘာ့ဘဏ်၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးမှစတင်ပြီး စျေးသို့ရောက်ရှိသည်အထိ တာဝန်ယူဆောင်ရွက်ပေးရခြင်း၊ နည်းပညာနှင့် ရန်ပုံငွေ ထောက်ပံ့ပေးခြင်းများ၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးချင်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် မြန်မာနိုင်ငံ၏ …

Read More »