Home / 2020 / January / 18

Daily Archives: January 18, 2020

ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် လယ်ယာမြေပါဝင်သွားသည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ

FI

ဇန်နဝါရီ ၁၈ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၁၈)ရက်နေ့၊ မွန်းလွဲ(၁၂:၁၅)အချိန်က ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်းလမ်း ဖောက်လုပ်ရာတွင် လယ်ယာမြေပါဝင်သွားသည့် ဒေသခံတောင်သူလယ်သမားများအား ကလိ(တပ်ကလေး)ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၊ စာကြည့်တိုက်၌ တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသဖွံ့ဖြိုးရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်တို့အတွက် မြို့ရှောင်လမ်းများ အသစ်ဖောက်လုပ်ခြင်း၊ လမ်းဟောင်းများ ချဲ့ထင်ခြင်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့သည် ကုန်းလမ်းဆုံရာ မြို့တစ်ခုဖြစ်ပြီး မြို့တွင်းယာဉ်အန္တရာယ် လမ်းအန္တရာယ်များ ကင်းရှင်းစေရန်အတွက် ယခင်အစိုးရလက်ထက်တွင် ပဲခူးမြို့ အနောက်ဘက်မြို့ရှောင်လမ်းကို ဖောက်လုပ်ခဲ့၍ ရန်ကုန်-မန္တလေးကုန်ကားကြီးများ သွားလာလျက်ရှိကြောင်း၊ သနပ်ပင်၊ ကဝ စသည့်မြို့နယ်များသို့ သွားရောက်မည့် ကုန်ကားကြီ:များသည် ပဲခူးမြို့တွင်းကိုဖြတ်သန်း၍ သွားလာနေရသဖြင့် ယာဉ်ကြောကြပ်တည်းခြင်း၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်များလည်း ရှိလာနိုင်မည်ဖြစ်ကြောင်း၊ ဒီအခြေအနေတစ်ရပ်ကို ကျော်လွှားနိုင်ရန်အတွက် မိမိတို့အစိုးရလက်ထပ်တွင် ပဲခူးမြို့၊ …

Read More »