Home / 2020 / January / 19

Daily Archives: January 19, 2020

ကျောင်းအဆင့်တိုးမြင့်ဖွင့်လှစ်ခြင်းနှင့် ပညာဒါနအလှူပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၁၉ (ကဝ) ————————— ပဲခူးခရိုင်၊ ကဝမြို့နယ် သပြေကန်အသင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြင့်ဖွင့်လှစ်ခြင်းနှင့် (၁၄)ကြိမ်မြောက် ပညာဒါနအလှူပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ သပြေကန်အသင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအဆင့်တိုးမြင့်ခြင်း ဆိုင်းဘုတ်အား သပြေကန်အသင်းကျေးရွာ၊ ဇမ္ဗူ့မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစက္က၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် သပြေကန်အသင်းကျေးရွာ၊ ဇမ္ဗူ့မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက သြဝါဒကထာနာယူပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ နိုင်ငံတော်အနေနဲ့ ဒီနေ့ဒီချိန်မှာ ခေတ်မီပညာရေးစနစ်သစ်တစ်ရပ် ပေါ်ထွက်လာရေး အထူးဦးစားပေး ဆောင်ရွက်နေချိန်ဖြစ်ကြောင်း၊ ပညာရေးအတွက် လိုအပ်သည့် ရန်ပုံငွေများ ကိုလည်း တစ်နှစ်ထက်တစ်နှစ် …

Read More »