Home / 2020 / January / 20

Daily Archives: January 20, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း သနပ်ပင်မြို့နယ် ကျွန်းကြီးကျေးရွာ အထက်တန်းကျောင်း၌ ပဲနို့တိုက်ကျွေးခြင်း အခမ်းအနားသို့တက်ရောက်

FI

ဇန်နဝါရီ ၂၀ (သနပ်ပင်) ———————- ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ကျွန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က မြန်မာမုဒိတာဖောင်ဒေးရှင်းမှ ပဲနို့တိုက်ကျွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အမှာစကားပြောကြားပြီး မြန်မာမုဒိတာဖောင်ဒေးရှင်း ဥက္ကဌ ဦးတင်မောင်နိုင်မှ ပဲနို့တိုက်ကျွေးလှူဒါန်းရခြင်း၊ ပဲနို့သောက်သုံးခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော်ထံ ပဲနို့ဖျော်စက်(၁)လုံး လွှဲပြောင်းပေးအပ် လှူဒါန်းပေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကျွန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ KGတန်းမှ ဒဿမတန်းအထိ ပညာသင်ကြားနေသည့် ကျောင်းသား/သူ (၆၉၃)ဦးအား မြန်မာမုဒိတာဖောင်ဒေးရှင်းမှ ပဲနို့တိုက်ကျွေးလှူဒါန်းပေးနေမှုကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ဝန်ုကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ …

Read More »

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် သနပ်ပင်မြို့နယ် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်း

FI

ဇန်နဝါရီ ၂၀ (သနပ်ပင်) ——————————- ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်(၁၁)နာရီအချိန်က သနပ်ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာ ဘုရားကျောင်းဓမ္မာရုံတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် သနပ်ပင်မြို့နယ်အတွင်းမှ ကျေးရွာအုပ်စုများအတွင်းရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာစောညိုဝင်းတို့က ယနေ့ခေတ်ကာလသည် ခေတ်သစ်ပညာရေးနှင့် လူအဖွဲ့အစည်း ယှဉ်တွဲမှသာ အနာဂတ်ဘဝ ပိုမိုလှပတည်မြဲနိုင်မည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများကစပြီး ဒီမိုကရေစီ၏ အနှစ်သာရနှင့် သဘောတရားများကို စတင်သင်ကြားပေးရန် ဆရာ/ဆရာမများမှာ တာဝန်ရှိကြောင်း၊၊ ဒီမိုကရေစီသည် ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး၊ တစ်နည်းအားဖြင့် ပြည်သူ့ထံမှ ဆင်းသက်လာသော အစိုးရပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် ပြည်သူ့ထံမှ ဆင်းသက်လာသော ပြည်သူ့အစိုးရဖြစ်ပြီး ဒီမိုကရေစီကို ခေတ်အဆက်ဆက် အတတ်ကြွဆုံး ကျင့်သုံးနိုင်ရန် ကြွေးကြော်ကျင့်သုံးခဲ့ရာ ယနေ့အချိန်တွင် ဒီမိုကရေစီ မျိုးစေ့လေးကို အချိန်အခါမီ ချထားပေးခဲ့ပြီးဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲစေရန် လူငယ်များတွင်လည်း …

Read More »

မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၆)ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

ဇန်နဝါရီ ၂၀ (သနပ်ပင်) ================= ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာတွင် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၆) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၆)အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းဒန်၊ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ မြန်မာမုဒိတာဖောင်ဒေးရှင်း အသင်းကြီးအား ၂၀၁၁ခုနှစ်တွင် အရိပ်ရသစ်ပင်များစိုက်ပျိုးပေးရန်၊ စာကြည့်တိုက်များဖွင့်လှစ်ပေးရန်၊ သောက်သုံးရေကန်များတူးဖော်ပေးရန်၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ပေးရန်၊ သာသနိကအဆောက်အဦးများ ဆောက်လုပ်လှူဒါန်းရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအား သွားရောက်ကူညီပေးရန်အတွက် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါအသင်းကြီးမှ သနပ်ပင်မြို့နယ် …

Read More »