Home / 2020 / January / 24

Daily Archives: January 24, 2020

သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့သောနေရာသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ပေး

FI

ပြည် ဇန်နဝါရီ ၂၄ =============== ဇန်နဝါရီလ(၂၄)ရက်နေ ညနေ(၅:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ် သစ်ချီတင်အုပ်စု သစ်ချီတင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်၌ နဝင်းချောင်းရေ တိုက်စားမှုကြောင့် မြေကျွံ၊ မြေပြိုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါမြေပြိုမှုသည် လွန်ခဲ့သော (၂၀)ရက်ခန့်က ပေ(၃၀၀)ခန့်မှာ မြေပြိုကျမှုဖြစ်ပွါးခဲ့ရာ ကျေးရွာနေပြည်သူများက မြေပြိုမှုဆက်လက်မဖြစ်ပေါ်ရေး စိုးရိမ်လျှက်ရှိရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများအား မြေပြိုမှုများ ဆက်လက်မဖြစ်ပေါ်စေရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Read More »

ပထမအကြိမ် သမိုင်းဝင်ဖိုးဦးတောင်စေတီ ဘုရားပွဲဖြစ်မြောက်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မတည်လှူဒါန်ပေး

FI

ပန်းတောင်း  ဇန်နဝါရီ ၂၄ ===================== ဇန်နဝါရီလ(၂၄)ရက်နေ့ မွန်းလွဲ(၃)နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ သမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ပထမဦးဆုံးအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး သွားရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အစိုးရအဖွဲ့က ပွဲတော်ကျင်းပနိုင်ရေးအတွက် မတည်ငွေ(၃၅)သိန်းကျပ်ကိုလှူဒါန်းပေးရာ ဘုရားဂေါပကနှင့် နာယကများက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် စေတီတော်မြတ်ကြီး၏ ဂေါပက၊ နာယကများနှင့် ရပ်မိရပ်ဖများက ဘုရားပွဲတော်နှင့် ပတ်သက်သည့် အစီအစဉ်များ လိုအပ်ချက်များ အသီးသီးတင်ပြကြရာ ဝန်ကြီးချုပ်က ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ သမိုင်းဝင်ဖိုးဦးတောင် စေတီတော်မြတ်သည် ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင်  တည်ရှိပြီး သုံးလောကထွဋ်တင် ဂေါတမဘုရားရှင်သည် ၁၀၃ ခုနှစ်၊ (၉)လမြောက်တွင် ဒေသစာရီကြွမြန်ပြီး ဘီလူး၊ နဂါးမင်းလေးပါးတို့ လျှောက်ထားတောင်းပန်၍ မျက်မှောက်တော်နှစ်သွယ် အလယ်၌ …

Read More »

ဒိုက်ဉီးမြို့နယ်၊ ဒိုက်ဉီးမြို့မဈေးအတွင်း (MobileLabVan)ဖြင့် ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်း

FI

ဇန်နဝါရီ ၂၄ (ဒိုက်ဦး)  ================== ဇန်နဝါရီလ (၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒိုက်ဉီးမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များနှင့် ပူးပေါင်း၍ ဒိုက်ဉီးမြို့နယ် ၊ ဒိုက်ဉီးမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် စားသုံးရန်မသင့် ကြေညာထားသော အစားအသောက်များ ရောင်းချနေခြင်းရှိ/ မရှိ၊ သက်တမ်းလွန် အစားအသောက်များ ရောင်းချနေခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ကြပြီး ခွင့်မပြုဓါတု ဆိုးဆေး၊ တာရှည်ခံဆေးများပါဝင်သည် ဟုသံသယရှိသော အစားအသောက် နမူနာ(၂၅) မျိုးအား ကျပမ်းဈေးကွက်နမူနာ ကောက်ယူ၍ နမူနာ(၁၆) မျိုးအား ရွေ့လျားဓါတ်ခွဲယာဉ် (Mobile Lab Van) ဖြင့် ချက်ချင်းစစ်ဆေး အဖြေထုတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ကျန်အစားအသောက်နမူနာ (၉) မျိုးအား ခွင့်မပြုဓါတုဆိုးဆေးများ ပါဝင်မှု ရှိ/ မရှိ သိရှိနိုင်ရန် ပဲခူးတိုင်းဒေသကြီးအစားအသောက် နှင့် …

Read More »

ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လူထုတွေ့ဆုံပွဲပြုလုပ်

FI

ပန်းတောင်း ဇန်နဝါရီ ၂၄ ================== ဇန်နဝါရီလ(၂၄)ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်က ပန်းတောင်းမြို့နယ်၊ ဥရှစ်ပင်မြို့၊ နာဂမုနိဓမ္မာရုံ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက “လူထုတွေ့ဆုံပွဲများ ပြုလုပ်၍ ဒေသခံပြည်သူများ၏ လူမှုအခက်အခဲများ၊ စီးပွားရေးဆိုင်ရာ အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များသိရှိပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ လမ်းညွှန်မှာကြားချက်အရ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူများအကြား အထင်အမြင်လွဲမှားနေမှုများ၊ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မယုံကြည်မှုများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးရန်နှင့် ပြည်သူများအကြား အမြစ်တွယ်နေသည့် အကြောက်တရား ကင်းရှင်းပြီး အစိုးရ၏ မူဝါဒများ၊ ပေါ်လစီများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လည်းဖြစ်ကြောင်း၊ လွှတ်တော်ပိုင်းကလည်း ဒီမိုကရေစီ စံနှုန်းများနှင့်အညီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြုပြင်ပြောင်းလဲရေးကာလတွင် ကြုံတွေ့ရသည့် နိုင်ငံရေးအခက် …

Read More »