Home / 2020 / January / 25

Daily Archives: January 25, 2020

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ဝန်ကြီးချုပ် ပြောကြား

FI

ဇန်နဝါရီ ၂၅ (ပေါက်ခေါင်း) ====================== ဇန်နဝါရီလ (၂၅)ရက်နေ့၊ ညနေ(၅:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ပေါက်ခေါင်းမြို့နယ်၊ ချောင်းဖြောင့်ကျေးရွာ၌ တည်ဆောက်နေသည့် ကျေးလက်တံတား(ချောင်းဖြောင့်တံတား) တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် စီမံကိန်း တာဝန်ခံတို့က တံတားတည်ဆောက်မည့်ပုံစံအသေးစိတ်နှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ကြရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းပြည်၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများ တိုးတက်နိုင်ရန် ကျေးလက်ဒေသကို အဆင့်မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ကျေးလက်ဒေသများ၏ လမ်း/တံတား လိုအပ်ချက်များ၊ လျှပ်စစ်မီးလိုအပ်ချက်များ၊ အခြေခံအဆောက်အဦ လိုအပ်ချက်များကို မဖြစ်မနေ ဖြည့်ဆည်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် အနည်းဆုံးဖြစ်စေရန်အတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆောက်လုပ်သည့် …

Read More »

ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၂၅ (ပြွန်တန်ဆာ) =================== ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ လှည်းဆိပ်ကျေးရွာအုပ်စု၊ စစ်ကုန်းချောင်းသစ်ကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က နိုင်ငံတော်အစိုးရနှင့် သီးခြားအလှူရှင်များ ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့နယ်သံဃနာယက၊ ကြခတ်တောရပညာဒါနဆရာတော်ဘဒ္ဒန္တ ဓမ္မသာမိ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ထွန်းနှင့် အလှူရှင် ဒေါက်တာဝင်းကိုကို (ခ) ဦးမြဖူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်းကြီး ဒေါ်ညွန့်ညွန့်ဌေးမှ ဝမ်းမြောက်စကား ပြောကြားကာ ကျောင်းဆောင်သစ် အလှူ ရှင်ဒေါက်တာဝင်းကိုကို(ခ)ဦးမြဖူးမှ ကျောင်းဆောင်သစ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် …

Read More »

အစိုးရနှင့် ဝန်ထမ်းအဖွဲ့အစည်းသည် ပြည်သူများအား ဝန်ဆောင်မှုပေးရန် ခန့်အပ်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

FI

ဇန်နဝါရီ ၂၅ (ပေါက်ခေါင်း) ============== ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၂၅)ရက်နေ့၊ မွန်းလွဲ(၂:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာ၊ စန္ဒိမာလဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် ပညာရေးစနစ်၊ သင်ကြားရေးစနစ် အားနည်းချက်များကြောင့် ပေါင်းစပ်ညှိနှိုင်း အဖြေရှာတတ်သည့် လမ်းကြောင်းများ၊ အသိတရားများ ပျောက်ဆုံးခဲ့ကြောင်း၊ ယခင်အချိန်အခါတုန်းက ပြည်သူများအနေဖြင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး မိမိတို့၏ လိုအပ်ချက်များ၊ မတရားမှုများ တင်ပြရန်အတွက် မသိစိတ်တွင်ရှိသော အကြောက်တရားတစ်ခုကြောင့် ငြိမ်ခံခဲ့ရကြောင်း၊ ယနေ့ဒီအချိန်အခါသည် အကြောက်တရားကင်းရှင်းပြီး အမှန်တရားဘက်က ရပ်တည်၍ ပြောရဲ၊ ဆိုရဲ လူပတ်ဝန်းကျင်တစ်ခုကို ရောက်ရှိနေခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး တစ်နည်းအားဖြင့် လူ့တစ်ဦးချင်းစီ၏ အခွင့်အရေးကို ဥပဒေအရ အကာအကွယ်ပေးနိုင်သော လူ့အသိုက်အဝန်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ အစိုးရနှင့် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဇန်နဝါရီ ၂၅ (ပေါင်းတလည်) ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၂၅)ရက်နေ့၊ နံနက်(၉:၀၀) အချိန်က ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ကုန်းဇင်းကျောင်းရွာ သဒ္ဓမ္မမဉ္ဇီကျောင်းတိုက်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဒ္ဓမ္မမဉ္ဇီဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး  ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲဆက်လက်ကျင်းပပြုလုပ်ရာ ဒီမိုကရေစီနိုင်ငံတစ်ခု၌ အစိုးရ၊ ပြည်သူ လက်ခံကျင့်သုံးရမည့် ဒီမိုကရေစီစံနှုန်းများ၊ အစိုးရ၏ ဦးစားပေးဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ပညာရေးဆိုင်ရာမျှော်မှန်းချက်များကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကျေးလက်လမ်း/တံတားနှင့် ကျေးလက်မီးလင်းရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက နွေးစပါးရေပေးဝေရေးနှင့် ဆည်/တမံများ တည်ဆောက်ပေးထားရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက လယ်ယာမြေနှင့် မြေလွတ်မြေရိုင်း စိုက်ပျိုးလုပ်ကိုင်ခွင့် ဥပဒေများကိုလည်းကောင်း …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း စိုက်ပျိုးရေးဆိုင်ရာ လယ်သမားသင်တန်းကျောင်း ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၂၅ (ပြည်) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၂၅)ရက်နေ့၊ နံနက်(၈:၃၀) အချိန်က ပြည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဇီးအုပ်စခန်း၌ စိုက်ပျိုးရေးဆိုင်ရာ လယ်သမားသင်တန်းကျောင်း ဆောက်လုပ်နေမှုအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ၊ စိုက်ပျိုးရေးစခန်း တာဝန်ရှိသူနှင့် တည်ဆောက်ရေးတာဝန်ခံတို့မှ လိုက်လံရှင်းလင်းပြခဲ့သည်။ အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ လယ်သမားသင်တန်းကျောင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့မှစတင်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ်(၂၂၂)သန်းဖြင့် စတင်ဆောက်လုပ်လျက်ရှိရာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့တွင် လုပ်ငန်းပြီးစီးအပ်နှံရမည်ဖြစ်သည်။ ယင်းသင်တန်းကျောင်း၌ တောင်သူ(၅၆)ဦးဆံ့ အိပ်ဆောင်၊ စာသင်ဆောင်၊ စားသောက်ဆောင်တို့ပါဝင်မည်ဖြစ်ပြီး တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတနှင့် နည်းပညာများ၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်(GAP)များ၊ ဟင်းသီးဟင်းရွက်နှင့်ပတ်သက်သည့် သြဂဲနစ် စိုက်ပျိုးနည်းစနစ်များစသည်တို့ကို သင်ကြားပို့ချပေးမည်ဖြစ်ပြီး (၁)လလျှင် (၂)ကြိမ်နှုန်း သင်တန်းဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read More »