Home / 2020 / January / 26

Daily Archives: January 26, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း သဲကုန်းမြို့နယ်၊ အင်းမမြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဇန်နဝါရီ ၂၆ (အင်းမ) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၂၆)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က သဲကုန်းမြို့နယ်၊ အင်းမမြို့၊ မြို့လယ်ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရသည် ပြည်သူများကို ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ပြည်သူနှင့်ဌာနဆိုင်ရာအကြား နှစ်ဦးနှစ်ဘက် ဆက်ဆံရာတွင် မကြေလည်မှုများ၊ ကြုံတွေ့ရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်းပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ ပြည်သူများကိုလည်း ခေတ်နှင့်အညီ စနစ်ကျသော မြေယာအသုံးချမှုများ၊ စနစ်ကျသော လမ်း/တံတားများ၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦများ ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် မိမိတို့အစိုးရတွင် တာဝန်ရှိပြီး၊ ဒေသခံအများစုသည် ကျေးလက်နေ တောင်သူလယ်သမားဖြစ်သည့်အတွက် ဒေသထွက် စားသောက်ကုန်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထွက်ရှိနိုင်ရေး၊ ကျန်မာရေးနှင့် ညီညွတ်သော သြဂဲနစ်စားသောက်ကုန်များ ထွက်ရှိနိုင်ရန် အသိပညာပေးခြင်းကိုလည်း အဓိကထား  လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ မိမိတို့အစိုးရသည် ပြည်သူတစ်ဦးချင်းစီကို တန်ဖိုးထားသော လူသားဝါဒဆန်သော …

Read More »