Home / 2020 / January / 27

Daily Archives: January 27, 2020

2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်မှုနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ ညှိနှိုင်းအစည်းအဝေးကျင်းပ

FI

ဇန်နဝါရီ ၂၇ (ပဲခူး) ———————— ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ(၂၇)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၏ 2019 Novel Coronavirus(2019-nCoV)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာ ကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်မှုနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းမှ အဖွင့်အမှာစကား ပြောကြားပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း/ကူးစက်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်မှ 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါဖြစ်ပွားမှု၊ ရောဂါကူးစက်ပုံ၊ ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများ၊ ကုသမှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ 2019 Novel Coronavirus (2019-nCoV)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားလာပါက ကုသနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် …

Read More »