Home / 2020 / January / 28

Daily Archives: January 28, 2020

ရေတာရှည်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယ)အကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Presentation1

ဇန်နဝါရီ ၂၈ (ရေတာရှည်) ================== ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့လှမြို့အတွင်း ဆောင်ရွက်မည့် အုတ်ရေမြောင်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်———————

Read More »

ရွှေတောင်အထည်ချုပ် စက်ရုံအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး Myanmar Tsuyotomo Co., Ltd မှ လာရောက်တွေ့ဆုံ

FI

ဇန်နဝါရီ ၂၈ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဇန်နဝါရီလ (၂၈)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ရွှေတောင်အထည်ချုပ် စက်ရုံအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး Myanmar Tsuyotomo Co., Ltd , President , Mr.Yoshihiro Oguri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Mr.Yoshihiro Oguri မိမိတို့ကုမ္ပဏီသည် ရွှေတောင်အထည်ချုပ် စက်ရုံအား ပြန်လည်အဆင့်မြှင့်တင်ပြီး ကားထိုင်ခုံ၊ လေယာဉ်ခုံနှင့် အခြားလူသုံးကုန်ပစ္စည်းများအတွက် လိုအပ်သော အထည်များကို ခေတ်မီနည်းပညာဖြင့် ဖြန့်ဖြူးထုတ်လုပ်ရန် ရည်ရွယ်ထားပါကြောင်း၊ JICA အဖွဲ့နှင့် ပူးပေါင်း၍ မြန်မာအစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန်၊ လက်ရှိစက်ရုံဝန်ထမ်းများကိုလည်း သင်တန်းများပေးခြင်း၊ အလုပ်အကိုင် အခွင့်အလန်းပေးခြင်းတို့ကို ဆောင်ရွက်၍ မီးလောင်မလွယ်သည့် အထည်များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်မည့်လုပ်ငန်းဖြစ်၍ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း ဖေါက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၂၈ (ပဲခူး) —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၂၈)ရက်နေ့ နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း ဖေါက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ဝန်ကြီးချုပ်နှင့် အဖွဲ့အား ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးတိုးမှ ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း ဖေါက်လုပ်ခြင်းနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က လမ်းဖေါက်လုပ်ရာတွင် ဒေသဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ လုပ်ဆောင်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ အဆိုပါလမ်းသည် ပဲခူးမြို့ ယာဉ်ကြောရှုပ်ထွေးမှု မရှိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ ဒေသပိုမိုဖွံ့ဖြိုးတိုးတက်လာရေးတို့အတွက် ဖေါက်လုပ်ပေးခြင်းဖြစ်ကြောင်း၊ ဒေသခံများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ငန်းအမြန်ပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်နည်းပါးအောင် စနစ်တကျသုံးစွဲကာ လုပ်ဆောင်နေသည့်လုပ်ငန်း အမြန်အကောင်ထည်ဖော် အကောင်းဆုံးဖြစ်အောင် …

Read More »