Home / 2020 / January / 31

Daily Archives: January 31, 2020

Second World War Memory Park and Resort အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၃၁ (ပဲခူး) =============== ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ နန်ချွန်ကျေးရွာအနီး၊ အမှတ်(၁) မြန်မာ့သစ်လုပ်ငန်း လေ့ကျင့်ရေးသင်တန်းကျောင်းဧရိယာ၌ ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သော စစ်သုံးလေယာဉ်ကွင်းငယ်နှင့် မြေကတုတ်များကိုအခြေခံ၍ Second World War Memory Park and Resort အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ ဇန်နဝါရီလ (၃၁)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝအခြေခံ ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သည့် စက်ရုံတစ်ခု တည်ဆောက်ခြင်းဖြစ်၍ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခံစားနိုင်မည်ဖြစ်ပြီး တိုင်းပြည်အတွက်လည်း အခွန်ဘဏ္ဍာရေးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုဖော်ထုတ်မည့်နေရာသည် ဒုတိယကမ္ဘာစစ်အတွင်း၌ တရုတ်ဖြူများနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရဲဘော်သုံးကျိပ်တို့မှ ခေါ်ဆောင်လာခဲ့သော ဂျပန်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်လည်း အလွန်အရေးပါခဲ့သည့် နေရာတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် …

Read More »

တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရန် လာရောက်တွေ့ဆုံ

FI

ဇန်နဝါရီ ၂၁ (ပဲခူး) =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ နံနက်(၁၀:၃၀)အချိန်က ပဲခူးမြို့နယ်အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆောက်လုပ်နိုင်ရန်အတွက် Pride Myanmar Development (PMD) Co., Ltd မှ Chairman , ဦးမင်းကျော်ဆန်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ Pride Myanmar Development (PMD) Co., Ltd မှ Chairman , ဦးမင်းကျော်ဆန်းနိုင်က တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်း ဆောင်ရွက်ရန် ပဏာမ ရွေးချယ်ထားသည့် မြေနေရာ(၃)ခုအား တင်ပြခဲ့ပြီး လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြအိမ်ရာများနှင့်ပတ်သက်၍ တိုင်းဒေသကြီးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်၍ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ မြို့ပြတစ်ခု …

Read More »