Home / 2020 / January (page 3)

Monthly Archives: January 2020

မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၆)ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

ဇန်နဝါရီ ၂၀ (သနပ်ပင်) ================= ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာတွင် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၆) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၆)အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းဒန်၊ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ မြန်မာမုဒိတာဖောင်ဒေးရှင်း အသင်းကြီးအား ၂၀၁၁ခုနှစ်တွင် အရိပ်ရသစ်ပင်များစိုက်ပျိုးပေးရန်၊ စာကြည့်တိုက်များဖွင့်လှစ်ပေးရန်၊ သောက်သုံးရေကန်များတူးဖော်ပေးရန်၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ပေးရန်၊ သာသနိကအဆောက်အဦးများ ဆောက်လုပ်လှူဒါန်းရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအား သွားရောက်ကူညီပေးရန်အတွက် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါအသင်းကြီးမှ သနပ်ပင်မြို့နယ် …

Read More »

ကျောင်းအဆင့်တိုးမြင့်ဖွင့်လှစ်ခြင်းနှင့် ပညာဒါနအလှူပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၁၉ (ကဝ) ————————— ပဲခူးခရိုင်၊ ကဝမြို့နယ် သပြေကန်အသင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြင့်ဖွင့်လှစ်ခြင်းနှင့် (၁၄)ကြိမ်မြောက် ပညာဒါနအလှူပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ သပြေကန်အသင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအဆင့်တိုးမြင့်ခြင်း ဆိုင်းဘုတ်အား သပြေကန်အသင်းကျေးရွာ၊ ဇမ္ဗူ့မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစက္က၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် သပြေကန်အသင်းကျေးရွာ၊ ဇမ္ဗူ့မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက သြဝါဒကထာနာယူပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ နိုင်ငံတော်အနေနဲ့ ဒီနေ့ဒီချိန်မှာ ခေတ်မီပညာရေးစနစ်သစ်တစ်ရပ် ပေါ်ထွက်လာရေး အထူးဦးစားပေး ဆောင်ရွက်နေချိန်ဖြစ်ကြောင်း၊ ပညာရေးအတွက် လိုအပ်သည့် ရန်ပုံငွေများ ကိုလည်း တစ်နှစ်ထက်တစ်နှစ် …

Read More »

ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် လယ်ယာမြေပါဝင်သွားသည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ

FI

ဇန်နဝါရီ ၁၈ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၁၈)ရက်နေ့၊ မွန်းလွဲ(၁၂:၁၅)အချိန်က ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်းလမ်း ဖောက်လုပ်ရာတွင် လယ်ယာမြေပါဝင်သွားသည့် ဒေသခံတောင်သူလယ်သမားများအား ကလိ(တပ်ကလေး)ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၊ စာကြည့်တိုက်၌ တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသဖွံ့ဖြိုးရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်တို့အတွက် မြို့ရှောင်လမ်းများ အသစ်ဖောက်လုပ်ခြင်း၊ လမ်းဟောင်းများ ချဲ့ထင်ခြင်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့သည် ကုန်းလမ်းဆုံရာ မြို့တစ်ခုဖြစ်ပြီး မြို့တွင်းယာဉ်အန္တရာယ် လမ်းအန္တရာယ်များ ကင်းရှင်းစေရန်အတွက် ယခင်အစိုးရလက်ထက်တွင် ပဲခူးမြို့ အနောက်ဘက်မြို့ရှောင်လမ်းကို ဖောက်လုပ်ခဲ့၍ ရန်ကုန်-မန္တလေးကုန်ကားကြီးများ သွားလာလျက်ရှိကြောင်း၊ သနပ်ပင်၊ ကဝ စသည့်မြို့နယ်များသို့ သွားရောက်မည့် ကုန်ကားကြီ:များသည် ပဲခူးမြို့တွင်းကိုဖြတ်သန်း၍ သွားလာနေရသဖြင့် ယာဉ်ကြောကြပ်တည်းခြင်း၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်များလည်း ရှိလာနိုင်မည်ဖြစ်ကြောင်း၊ ဒီအခြေအနေတစ်ရပ်ကို ကျော်လွှားနိုင်ရန်အတွက် မိမိတို့အစိုးရလက်ထပ်တွင် ပဲခူးမြို့၊ …

Read More »

မိုးယွန်းကြီးအင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေး

FI

ဇန်နဝါရီ ၁၇ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ (၁၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က မိုးယွန်းကြီးအင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်ရေးအဖွဲ့နှင့် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပြုလုပ်သည်။ ရှေးဦးစွာ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက မိုးယွန်းကြီးအင်းသည် ကမ္ဘာ့ရေဝပ်ဒေသအဖြစ် သတ်မှတ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာနှင့် ပြည်တွင်းပညာရှင်များ ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင် ငါးဖမ်းဆီးမှုနှင့် ဘီလားဖမ်းစီးမှု ပပျောက်စေရေးနှင့် တခြားသက်မွေးဝမ်းကြောင်းကိုလည်း ဖန်တီးပေးရန် တာဝန်ရှိကြောင်း၊ မိုးယွင်းကြီးအင်းအတွင်း ဇုန်နယ်မြေများ သတ်မှတ်ပြီး အဖွဲ့စနစ်ဖြင့် အထူးကြီးကြပ်ဆောင်ရွက်ခြင်း၊ ကင်းလှည့်ခြင်းများ ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ဒေသရှိ ကျေးရွာများကိုလည်း အသိပညာပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ မိုးယွန်းကြီးအင်းအတွင်း သတ်မှတ်ဇုန်နယ်မြေများ ထင်သာမြင်သာသော သတိပေးဆိုင်းဘုတ်များ၊ ကျောက်တိုင်များ စိုက်ထူသွားရန်၊ ငါးဖမ်းဆီးသော ဒေသခံပြည်သူများကိုလည်း သတ်မှတ်ပေးထားသော ဧရိယာအတွင်းသာ မိရိုးဖလာနည်းအတိုင်း ဖမ်းဆီးရန်၊ ဘထ္ထရီဖြင့် …

Read More »

ရန်ကုန်-ပြည် ကတ္တရာလမ်း တိုးချဲ့ဖောက်လုပ်နိုင်ရေး တွေ့ဆုံညှိနှိုင်း

FI

ဇန်နဝါရီ ၁၆ (ပဲခူး) =========================== ဇန်နဝါရီလ (၁၆)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး၊ သုံးဆယ်မြို့မှ ပြည်မြို့အထိ ကတ္တရာလမ်း တိုးချဲ့ဖောက်လုပ်နိုင်ရေး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် Max Highway Co., Ltd တို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် သေကြေပျက်စီးမှုသည် တစ်နှစ်လျှင် လူဦးရေပျှမ်းမျှ (၆၀၀၀)ဝန်းကျင်ခန့်ရှိပြီး ထိခိုက်ဒဏ်ရာကြောင့် အလုပ်မလုပ်နိုင်သည့် လူဦးရေ နှစ်စဉ် ပျှမ်းမျှ(၅၀၀၀)မှ(၁၀၀၀၀)ဝန်းကျင်ခန့် ရှိကြောင်း၊ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနေရမှုကို လျော့ချပေးနိုင်ရန်အတွက် လမ်းများတိုးချဲ့ခြင်း၊ လမ်းမီးများ စိုက်ထူခြင်း၊ လမ်းအင်္ဂါရပ်နှင့်အညီ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် လူသွားလမ်းပလက်ဖောင်းများ စသည်တို့ကို မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယာဉ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းတွင် မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး …

Read More »

သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် IFC မှ ကူညီပံ့ပိုးပေးရန် လာရောက်ဆွေးနွေး

FI

ဇန်နဝါရီ ၁၆ (ပဲခူး) =============== ဇန်နဝါရီလ (၁၆)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးတိုင်းဒေသကြီးအတွင်း သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် International Finance Corporation (IFC) မှ Senior Private Sector Specialist , Mr. Martin Albani ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Mr. Martin Albani က မိမိတို့အဖွဲ့သည် ကမ္ဘာ့ဘဏ်၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးမှစတင်ပြီး စျေးသို့ရောက်ရှိသည်အထိ တာဝန်ယူဆောင်ရွက်ပေးရခြင်း၊ နည်းပညာနှင့် ရန်ပုံငွေ ထောက်ပံ့ပေးခြင်းများ၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးချင်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် မြန်မာနိုင်ငံ၏ …

Read More »

ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး တွေ့ဆုံဆွေးနွေး

FI

ဇန်နဝါရီ ၁၅ (ပဲခူး) ============== ဇန်နဝါရီလ (၁၅)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့တို့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်သည် တိုင်းပြည်အနာဂတ်အတွက် အလွန်အရေးပါပြီး ကုသိုလ်ရရှိသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ရွှေကျင်မြို့နယ်တွင်လည်း နယ်မြေဒေသအခြေအနေအရ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးကိုလည်း အဆင့်မြှင့်ပေးနိုင်ခဲ့ပြီးဖြစ်သလို ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ လူနာများသည် ပဲခူးမြို့ကိုဖြတ်သန်း၍ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိပြီး ယာဉ်ကြောကြပ်တည်းခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်ပါကြောင်း၊ ဒါကြောင့် ပဲခူးဆေးရုံကြီးတွင်လည်း လိုအပ်သော စက်ပစ္စည်းများ၊ ကျွမ်းကျင်ပညာရှင်များ ထားရှိပေးခြင်းအားဖြင့် အခြားပြည်နယ်များမှ လူနာများလည်း အချိန်တိုအတွင်း ကုသပေးနိုင်မည်ဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးဆေးရုံကြီးအား ထပ်မံအဆင့်မြှင့်တင်ပေးရန် …

Read More »

ပဲခူးမြို့အတွင်း ခရီးသွားလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် Emerald Lake Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြ

FI

ဇန်နဝါရီ ၁၅ (ပဲခူး) ========================== ဇန်နဝါရီလ (၁၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ရုံးခန်းသို့ ပဲခူးမြို့အတွင်း ခရီးသွားလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် Emerald Lake Co., Ltd မှ Managing Director ဦးဖြိုးလင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Emerald Lake Co., Ltd မှ Managing Director ဦးဖြိုးလင်းအောင်က ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်အတွင်း နိုင်ငံတကာအဆင့်မီ အပန်းဖြေဥယျာဉ်အဖြစ် စတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအခြေအနေများ၊ ကျူးကျော်ဆိုင်ခန်းများအား ပြန်လည်နေရာချထားပေးမည့် အစီအစဉ်များ၊ မဇင်းဆည်ပတ်ဝန်းကျင်တွင် သဘာဝအပန်းဖြေဥယျာဉ် ဆောင်ရွက်မည့်အခြေအနေနှင့် နိုင်ငံတကာအဆင့်မီ ညစျေးဖွင့်လှစ်နိုင်ရေး စီစဉ်ထားရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးဒေသသည် သမိုင်းကြောင်းနှင့် ပထဝီအနေအထားအရ အလွန်အရေးပါပြီး စီးပွားရေးအရလည်း အချက်အခြာကျသည့် နေရာဒေသတစ်ခုဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် …

Read More »

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် UNDP မှ လာရောက်ရှင်းလင်းတင်ပြ

FI

ဇန်နဝါရီ ၁၄ (ပဲခူး) ======================= ဇန်နဝါရီလ (၁၄)ရက်နေ့၊ မွန်းလွဲ(၁:၁၅)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် UNDP မှ Resident Representative , Mr. Gordon Johnson ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ  Mr. Gordon Johnson က ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အထိုက်အလျောက် အောင်မြင်မှုများ ရရှိနေပြီဖြစ်ပါကြောင်း၊ ယခုအခါ UNDP မှ ပဲခူးတိုင်းဒေသကြီး တာဝန်ခံသည် စာချုပ်သက်တမ်းပြည့်၍ ဝန်ထမ်းအသစ်များ ထပ်မံခန့်အပ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်များတွင်လည်း လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အလှူရှင်နိုင်ငံများမှလည်း UNDP ၏ လုပ်ငန်းဆောင်ရွက်မှုများကို အချိန်တိုင်း စောင့်ကြည့်လေ့လာလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ …

Read More »

ဖြူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

phyu

ဇန်နဝါရီ ၁၃ (ဖြူး) =================== ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးရန်ပုံငွေဖြင့် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ မြို့မ(၁)ရပ်ကွက်အတွင်း ကျောက်ချောလမ်းခင်းခြင်းအတွက် ဖြူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်————————

Read More »