Home / 2020 / January (page 4)

Monthly Archives: January 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရွှေကျင်မြို့နယ် ကျိုက်ထီးရိုးလေးဘုရားသို့ သွားရောက်ဖူးမျှော် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများနှင့်တွေ့ဆုံ

FI

ဇန်နဝါရီ ၁၂ (ရွှေကျင်) ———————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၂)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ရွှေကျင်မြို့နယ် မူစေးခိုတောင်တန်းပေါ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးလေး စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်ခဲ့ကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက်ထီးရိုးလေးစေတီတော်မြတ်ကြီးသို့ ဖူးမျှော်ကြည်ညိုခဲ့သည့်အပြင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဘုန်းတော်ကြီးကျောင်း၌ မြို့နယ်သံဃနာယအဖွဲ့ဥက္ကဌ ဆရာတော်နှင့် ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျိုက်ထီးရိုးလေး စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးရေး အသုံးပြုနိုင်ရန်အတွက် ဂေါပကအဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ကျိုက်ထီးရိုးလေး စေတီတော်မြတ်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၅၀၀)ခန့် သက္ကရာဇ်(၈၆၀)ဝန်းကျင်တွင် မူစေးခိုရွာသူကြီး ဦးစောလယ်ကော်ဖူးနှင့်ဇနီးတို့မှ ကျိုက်ထိုမြို့ရှိဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား တောင်ယာလုပ်ငန်းအပြီး သွားရောက်ဖူးမျှော်ရာ ကျိုက်ထီးရိုးတောင်အနီး မတ်စောက်သော တောင်နေရာအရောက်တွင် ဆက်မတက်နိုင်သဖြင့် ညအိပ်ရပ်နားခဲ့ကြသည်။ ညအိပ်စဉ်ထူးဆန်းသော အိမ်မက်မက်ပြီး …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးချောင်းရေလှောင်တမံ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်အား ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၁၂ (ဖြူး) ————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်နှင့်အတူ ဖြူးမြို့နယ်အတွင်း တည်ဆောက်နေသည့် ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းခွင် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ တည်ဆောက်ရေး(၁)ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးကိုကိုဦးတို့က ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးချုပ်မှ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်မရှိစေရေး၊ တည်ဆောက်တူးဖော်ခြင်းလုပ်ငန်း အရည်အသွေးပြည့်မီအောင် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းလုပ်ငန်းသည် ဖြူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်(၁၁၅)၏ အနောက်ဘက်(၅)မိုင်ခန့်အကွာတွင် တည်ရှိပြီး ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်းရှိ စီမံကိန်းလျာထားရေသောက်ဧရိယာ (၉၀၀၀၀)ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန်နှင့် ရေအားလျှပ်စစ် တပ်ဆင်အင်အား (၂၀)မဂ္ဂါဝပ်(၂)လုံးဖြင့်နှစ်စဉ် ပျမ်းမျှကီလိုဝပ်နာရီ(၁၂၀)သန်း ထုတ်လုပ်သွားနိုင်ရန်အပြင် စစ်တောင်းမြစ်ရေးကြီးရေလျှံမှုမှ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲသို့တက်ရောက်ဖွင့်လှစ်

FI

ဇန်နဝါရီလ ၁၁ (ရေတာရှည်) ___ _________________ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁၁)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရေတာရှည်မြို့နယ်၊ ကြံနွယ်ကျေးရွာအုပ်စု၊ ကြံသနွယ်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ကြံသနွယ်ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဦးရဲဝဏ္ဏတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဝန်ကြီးချုပ်မှ ဖျော်ဖြေတင်ဆက်ကြသည့် ဒိုးပတ်အဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ချီးမြှင့်ငွေများ ပေးအပ်ချီးမြင့်ခဲ့သည်။ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ NEP စီမံကိန်း ထောက်ပံ့ငွေကျပ်(၄.၅)သန်းဖြင့် (၁.၅)မိုင်ရှိ (11KV)ဓာတ်အားလိုင်းနှင့် 11/0.4KV(200)KVA ထရန်စဖော်မာ(၁)လုံးတို့အား NEP phase-1(၂)မိုင်အတွင်း ကျေးရွာအစီအစဉ်တွင် ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာနေပြည်သူများမှ ကျေးရွာအတွင်း (400V)ဓာတ်အားလိုင်း(၁၂)မိုင်အတွက် ထည့်ဝင်ငွေကျပ်(၃၉.၆)သန်း၊ …

Read More »

ဝန်ကြီးချုပ်နှင့် ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများတွေ့ဆုံ

FI

ဇန်နဝါရီ ၁၁ (ရေတာရှည်) ————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၁)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ သာသနပါလဓမ္မာရုံအတွင်း၌ ကြံသနွယ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ကြံသနွယ်ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဒေသခံပြည်သူများနှင့် တွေ့ရာတွင် ဝန်ကြီးချုပ်မှ တစ်ခောတ်တစ်ခါတုန်းက အာဏာဖြင့် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အားနည်းခဲ့ရကြောင်း၊ ဒီနေ့ခေတ်ကာလမှာ လူသားဝါဒကို အခြေခံတဲ့ ဒီမိုကေရေစီဟုခေါ်သော ပြည်သူများမှ ဆင်းသက်လာသည့် အရပ်သားစစ်စစ် အစိုးရလက်ထက်ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ဒီအခြေအနေမှာ ပြည်သူများအနေဖြင့် မိမိတို့ အစိုးရ၏ မူဝါဒများ၊ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေးစသည့် လုပ်ငန်းစဉ်များကို သိရှိနားလည်သဘောပေါက်ပြီး ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်တွေမှာ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ICON Shopping Center တောင်ငူ ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

FI

ဇန်နဝါရီ ၁၁ (တောင်ငူ) ————————– တောင်ငူမြို့ မင်းကြီးညိုရုပ်တုရှေ့၊ ရန်ကုန်-မန္တလေးလမ်းနှင့် သံတောင်လမ်းဒေါင့်တွင် ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ICON Shopping Center တောင်ငူ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ICON Shopping Center တောင်ငူအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်တင်တင်ဝင်း၊ ICON Shopping Center ဦးဆောင်သူ ဦးမျိုးဆွေနှင့် ICON Shopping Center ၏ မိခင်ကြီးဒေါ်လှသိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် ICON Shopping Center ဦးဆောင်သူ ဦးမျိုးဆွေတို့က ICON Shopping Center တောင်ငူ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့ တေဇာခင်ဦး(၅)လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

FI

ဇန်နဝါရီ ၁၁ (တောင်ငူ) ———————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်(၈)နာရီအချိန်က တောင်ငူမြို့ အမှတ်(၂)ရပ်ကွက်၊ အရှည်(၁၀၀၀)ပေရှိ တေဇာခင်ဦး(၅)လမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ တေဇာခင်ဦး(၅)လမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခြင်းကြောင့် ရပ်ကွက်နေပြည်သူများ သွားလာရေးလွယ်ကူချောမွေ့စေပြီး ကျောင်းသား/သူများအနေဖြင့်လည်း စိတ်လက်ကြည်သာစွာ သွားလာနိုင်ကြပြီး လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် အဖက်ဖက်မှ တိုးတက်ဖွံ့ဖြိုးကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါကွန်ကရစ်လမ်းအား ရေရှည်တည်တံ့ကောင်းမွန်စွာ အသုံးပြုနိုင်ရေးအတွက် ရပ်ကွက်နေပြည်သူများအနေဖြင့်လည်း ရေရှည်ကောင်းမွန်သော လမ်းတစ်လမ်းဖြစ်လာစေရန် ပူးပေါင်းပါဝင် ထိန်းသိမ်းစောင့်ရှောက်သွားဖို့လိုကြောင်း အဖွင့်အမှာစကားပြောပြီး လမ်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးပြုံးမောင်က ကျေးဇူးတင်စကားနှင့် လမ်းအဆင့်မြှင့်တင်ခင်းမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လမ်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လမ်းဖြစ်မြောက်ရေးကော်မတီမှ ဝန်ကြီးချုပ်ထံ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ပြီး တေဇာခင်ဦး(၅)လမ်း ကွန်ကရစ်လမ်းမကြီးအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး …

Read More »

FDA မှ ပဲခူးမြို့နယ်၊ ထားဝယ်အင်းကျေးရွာ၌ ကျေးရွာအရောက်အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

FI

ဇန်နဝါရီ ၁၀ (ပဲခူး) =============== (၁၀.၁.၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ ထားဝယ်အင်းကျေးရွာ၌     အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာသူ/သားများ၏ ကျန်မာရေးဆိုင်ရာ မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

Read More »

အသေးစားအရင်းအနှီးချေးငွေ (Micro Capital Loans) ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၉ (ပဲခူး) :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::: ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့ နံနက်(၈:၃၀) အချိန်ကပဲခူးမြို့နယ် သမဝါယမဦးစီးဌာန ရှင်စောပုခန်းမတွင် သမဝါမယ အသင်းသားများထံသို့ အသေးစားအရင်းအနှီးချေးငွေ (Micro Capital Loans) ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးအောင်ဇော်နိုင် မှတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး သမဦးစီးဌာန တိုင်းဒေသကြီးဦးစီး ဦးသူရိန်ချစ်ဆွေနှင့်တကွ မြို့နယ်အသီးသီးမှ သမအသင်းသားများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦ:စွာ ဝန်ကြီးက သမလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံပွဲများပြုလုပ်ရန် ဆောင်ရွက်ထားပါကြောင်း၊ နိုင်ငံသားများ၏ လိုအပ်ချက်သည် အရင်းအနှီးဖြစ်ပါကြောင်း ၊ သမဦးစီးဌာန၏ ရည်မှန်းချက်များအား အကောင်အထည် ဖော်ရန်လိုပါကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်ဆက်နွယ် သည့်ချေးငွေးများ၊ အသေးစားရင်းနှီးမြှပ်နှံမှု အတွက်ပေးသည့် ချေးငွေများ အသီးသီးအား သေချာစွာသိရှိရန် လိုအပ်ပါကြောင်း၊ ဒေသခံများနှင့် တွေ့ဆုံပွဲများတွင် ချေးငွေနှင့် လမ်းတံတား …

Read More »

လျှပ်စစ်မော်တော်ကားထုတ်လုပ်ခြင်းနှင့် တောင်သူအကျိုးပြု ဓာတုကင်းလွတ် စိုက်ခင်းများ စိုက်ပျိုးနိုင်ရေး Phyo Kyaw Co., Ltd မှ လာရောက်တွေ့ဆုံ

FI

ဇန်နဝါရီ ၇ (ပဲခူး) ===================== ဇန်နဝါရီလ (၇)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ လျှပ်စစ်မော်တော်ကားထုတ်လုပ်ခြင်းနှင့် တောင်သူအကျိုးပြု ဓာတုကင်းလွတ် စိုက်ခင်းများ စိုက်ပျိုးနိုင်ရေး Phyo Kyaw Co., Ltd မှ Corporate Executive Manager ဦးမင်းရှိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Phyo Kyaw Co., Ltd မှ Corporate Executive Manager ဦးမင်းရှိန်က မိမိတို့ကုမ္ပဏီနှင့် ဟန်ဂေရီနိုင်ငံမှ နည်းပညာရှင်းများနှင့် ပူးပေါင်း၍ ပဲခူးဒေသတွင် EV Bus Car (လျှပ်စစ်မော်တော်ကား)ထုတ်လုပ်ဖြန့်ဖြူးပြေးဆွဲခြင်းနှင့် တောင်သူအကျိုးပြု ဓာတုကင်းလွတ် စိုက်ခင်းများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး လာရောက်ဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရာသီဥတုဖောက်ပြန်၍ ရေဘေး၊ မီးဘေး၊ ငလျင်ဒဏ် စသည့်သဘာဝဘေးဒုက္ခများ …

Read More »

ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

YTS

ဇန်နဝါရီ ၇ (ရေတာရှည်) ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ရေတာရှည်မြို့အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း(၃)ခုနှင့် ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးရန်ပုံငွေဖြင့် မြို့လှမြို့အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း(၃)ခု စုစုပေါင်း တည်ဆောက်ရေးလုပ်ငန်း (၆)ခုအတွက် ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်————————

Read More »