Home / 2020 / February

Monthly Archives: February 2020

ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၂၉ (ပဲခူး) _____________________ ပဲခူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် တိုက်ကြီးလမ်းဆုံ ညောင်အင်းလမ်းခွဲမှတ်တိုင်အနီးရှိ Famous Hotel ခန်းမဆောင်တွင် ဖေဖော်ဝါရီလ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒီကနေ့ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲမှာ လုပ်ငန်းခွင်တွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ ရရှိနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကချိတ်ဆက် ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး အစီအစဉ်များ ဖန်တီးဖော်ထုတ်ရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများမှ တောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင်ဖွင့်လှစ်နိုင်ရေး၊ ဖွင့်လှစ်မည့်သင်တန်းများကို ရေရှည်တည်တံ့ ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရေး စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမှာဖြစ်တဲ့အတွက် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့ …

Read More »

ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးရေလျှံမှု ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်း တွေ့ရှိချက်နှင့် အကျိုးရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) ==================== ဖေဖော်ဝါရီလ (၂၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးရေလျှံမှု ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်း တွေ့ရှိချက်နှင့် အကျိုးရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးရေလျှံမှု ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်းကို JICA အကူအညီဖြင့် ဂျပန်တိုကျိုတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ၊ ယခုအခါ သုတေသနတွေ့ရှိချက်များ ရရှိလာခဲ့ပြီးဖြစ်၍ အလွန်ကျေးဇူးတင်ရှိကြောင်း၊ ရရှိလာသည့် အချက်အလက်များကို အခြေခံပြီး အနာဂတ် မြို့ပြစီမံကိန်းများ ရေးဆွဲခြင်းနှင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းတို့ကို ရေရှည်စီမံကိန်းများ ချမှတ်ရေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း၊ တစ်ခေတ်တစ်ခါက ဂေဟစနစ်ကို မထိန်းသိမ်းနိုင်ခဲ့ဘဲ သစ်တောများ ပြုန်းတီးရာမှတစ်ဆင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ ဒီအခြေအနေကို ပြန်လည်ကုစားနိုင်ရေး သစ်တောစိုက်ခင်းများ ထူထောင်ခြင်း၊ မြစ်ကြောင်းတစ်လျှောက် သောင်တူးခြင်းနှင့် မြစ်ကြောင်း ဖြောင့်ခြင်းလုပ်ငန်းများကိုလည်း တစ်ဆက်တည်း …

Read More »

Bago Region Investment Fair 2020 ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က Bago Region Investment Fair 2020 ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဌာနဆိုင်ရာနှင့် ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များ ဟန်ချက်ညီညီဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ကုန်လမ်းဆုံတိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ပင်လယ်ထွက်ပေါက်များနှင့်လည်း အချိန်တိုအတွင်း ချိတ်ဆက်သွားလာနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးထက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အခွန်ကင်းလွတ်ခွင့်(၂)နှစ် ရှိနေပြီး မိမိတို့တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာကောင်းများကို ဖော်ထုတ်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးကိုကိုလတ်က Bago Region Investment Fair 2020 ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဝဏ္ဏအောင်တို့က Bago Region Investment …

Read More »

ပဲခူးမြို့တွင် ဒုတိယအကြိမ် မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) __________________ ပဲခူးမြို့ ရှင်စောပုလမ်း၊ ရှင်စောပုဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖေ‌ေဖာ်ဝါရီလ(၂၆)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်က ဒုတိယအကြိမ် မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုးရေးကောမတီဥက္ကဌ ဦးဝင်းသိန်းက မိမိတို့တိုင်းဒေသကြီးရဲ့ရေရှည်ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာ အတတ်ပညာများကို စေတနာထား လာရောက်ပို့ချပေးသည့် ပညာရှင်ဆရာများကို ကျေးဇူးတင်ရှိပါကြောင်း၊ မြို့ပြနှင့်အိမ်ရာကဏ္ဍမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်လာစေဖို့ သင်တန်းတက်ရောက်လာကြသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအနေဖြင့် အလေးထားသင်ယူကြဖို့နှင့် တက်ကြွစွာပါဝင်ဆွေးနွေးကြရန် အဖွင့်အမှာစကား ပြောကြားပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ယခင်အိုးအိမ်ဦးစီးဌာန၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ကျရောက်ခြင်းအတွက် အိမ်ရာပညာရှင်ဆရာဦးမြင့်ဆွေက ဦးစီးဌာန၏ အကြောင်းအရာ အကျဉ်းအား ရှင်းလင်းပြောကြားပြီး တက်ကောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ …

Read More »

ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ရသုံးခန့်မှန်းချေငွေစာရင်း အချက်အလက်များ(Citizen’s Budget) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

ဖေဖော်ဝါရီ ၂၅ (ပဲခူး) =================== ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်ရှိ ဥဿာကျော်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ရသုံးခန့်မှန်းချေငွေစာရင်း အချက်အလက်များ(Citizen’s Budget) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြည်သူလူထု ဗဟိုပြုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ သိရှိသုံးစွဲနိုင်ရန်အတွက် အာရှဖောင်ဒေးရှင်းမှ တစ်ဘက်တစ်လမ်းမှ ကူညီပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် တိုင်းပြည်အခွန်ငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်နေရသဖြင့် ဌာနဆိုင်ရာများကလည်း မှန်မှန်ကန်ကန် အခွန်ငွေများ ကောက်ခံရမည်ဖြစ်သလို ပြည်သူများကလည်း နိုင်ငံကြီးသားပီသစွာ အခွန်ပေးဆောင်ရန် တာဝန်ရှိကြောင်း၊ တိုင်းပြည်အပြောင်းအလဲ အချိန်ကာလတစ်ခုမှာ ကျေးရွာများတွင် ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးခြင်းမှစပြီး လမ်း/တံတားနှင့် လျှပ်စစ်မီးများ ရရှိစေရန်၊ နယ်စပ်ဒေသများရှိ မြို့နယ်များအား အခြားပြည်နယ်/ တိုင်းဒေသကြီးတို့နှင့် ချိတ်ဆက်ပေးနိုင်ရန်ကိုလည်း ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးရွာချင်းဆက် ရေပြာစမ်းတံတားဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

FI

ဖေဖော်ဝါရီ ၂၅ (ပဲခူး) ___________________ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် လေးအိမ်စု-ဝက်လာကွင်း လမ်းပေါ်ရှိ ကျေးရွာချင်း ဆက်ရေပြာစမ်း သံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ကျေးရွာချင်းဆက် ရေပြာစမ်းသံကူကွန်ကရစ်တံတားနှင့် ပတ်သက်သည့် အချက်အလက်များအား ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ရေပြာစမ်းတောရ ဆရာတော်ဉူးပညာနန္ဒ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လေးအိမ်စုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်တို့က တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ အဆိုပါ ကျေးရွာချင်းဆက် ရေပြာစမ်းတံတားသည် လေးအိမ်စု-ဝက်လာကွင်းသွား လမ်းပေါ်တွင် (20’×14’×10′-6″) သံဘောင်ယက်မခံ သံကူကွန်ကရစ်တံတားအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၁၅)သန်းဖြင့် ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့သော တံတားဖြစ်ပြီး ယခုအခါ ရေပြာစမ်းတံတား ဖွင့်လှစ်လိုက်ပြီဖြစ်သောကြောင့် လေးအိမ်စု၊ ဝက်လာကွင်း၊ ရေပြာစမ်း၊ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ကျောက်ကြီးမြို့နယ် ကြောင်ပြာကျေးရွာနှင့် ဖြူးမြို့နယ် မြပဲခူးကျေးရွာအုပ်စု ပြည်သူများနှင့်တွေ့ဆုံ

FI

ဖေဖော်ဝါရီ ၂၃ (ကျောက်ကြီး/ဖြူး) __________________ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ‌အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြသောင်း၊ တိုင်းဒေသကြီး/ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ကျောက်ကြီးမြို့နယ် မဲပုတ်ကျေးရွာအုပ်စု၊ ကြောင်ပြာကျေးရွာ၌ ဒေသနေပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသိပညာများကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမင်းသိန်းက လယ်ယာမြေဥပဒေဆိုင်ရာများ၊ အခြားနည်းသုံးစွဲခွင့် ဆိုင်ရာများကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြသောင်းက လွှတ်တော်ဆိုင်ရာကိစ္စများနှင့် အ‌ခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာများကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသည့် မဲပုတ်ကျေးရွာအုပ်စုအတွင်းရှိ မဲပုတ်၊ ကျွန်းပင်ဆိပ်၊ တပ်ကုန်းကျေးရွာများမှ ဒေသခံပြည်သူများက ကြောင်ပြာကျေးရွာအား တရားဝင်ပြည်ထဲရေးအမည်ပေါက် ကျေးရွာဖြစ်အောင် ဆောင်ရွက်ပေးရန်၊ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူခရိုင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (၂/၂၀၂၀/အစည်းအဝေးသို့တက်ရောက်

FI

ဖေဖော်ဝါရီ ၂၂ (တောင်ငူ) _____________________ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် တောင်ငူခရိုင်အတွင်းရှိ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (၂/၂၀၂၀)အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရကော်မတီ ဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး တောင်ငူခရိုင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ထို့နောက် တောင်ငူခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်လွင်မှ မြို့နယ်အလိုက် စိစစ်ရမည့်အမှုတွဲများနှင့် သိမ်းဆည်းမြေဆိုင်ရာကိစ္စရပ်များအား ဖတ်ကြားရှင်းလင်းတင်ပြသည်ပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်မှ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရကော်မတီဥက္ကဌ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် …

Read More »

တောင်ငူခရိုင်တိုင်းရင်းသား စကောကရင်စာပေသင်ကြားမှု သုံးသပ်ခြင်းနှင့် ဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ

FI

ဖေဖော်ဝါရီ ၂၂ (တောင်ငူ) ______________________ တောင်ငူမြို့ ဆောထိသောဘုရားကျောင်းဝန်းခန်းမတွင် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က တောင်ငူခရိုင်တိုင်းရင်းသား စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်၍ ၂၀၁၉-၂၀၂၀ပညာသင်နှစ် တောင်ငူခရိုင်အတွင်းတိုင်းရင်းသား စကောကရင်စာပေသင်ကြားမှု သုံးသပ်ခြင်းနှင့် ဂုဏ်ပြုခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဉီးစွာ တောင်ငူမြို့နယ်တိုင်းရင်းသား စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက စောထူးဘလပ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပဲခူးတိုင်းသေကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက အမှာစကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားအရေးဆိုင်ရာ ကော်မတီဝင် ဦးစန်းမြင့်မှ တိုင်းရင်းသားအရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ တောင်ငူခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်းက တိုင်းရင်းသားစာပေ သင်ကြားရေးလုပ်ငန်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပြီး တောင်ငူခရိုင်အတွင်းရှိ ကျောက်ကြီး၊ ထန်းတပင်၊ ဖြူး၊ အုတ်တွင်း၊ ရေတာရှည်၊ တောင်ငူမြို့နယ်များမှ တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တိုင်းရင်းသား စကောကရင်စာပေ သင်ကြားမှုအ‌ခြေအနေများကို သုံးသပ်တင်ပြကြသည်။ ယင်းနောက် တောင်ငူခရိုင်တိုင်းရင်းသားစာပေနှင့် …

Read More »