Home / 2020 / February / 01

Daily Archives: February 1, 2020

ပဲခူးတိုင်းဒေသကြီးအတွင်း စာအောင်သံဃာတော်များနှင့် သီလရှင်များအပါး (၂၃၄၀)အားဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကျင်းပ

FI

ပဲခူး ဖေဖော်ဝါရီ ၁ =================== ဖေဖော်ဝါရီလ(၁)ရက်နေ့ မွန်းလွဲ (၁၂:၃၀)အချိန်က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်ကြီး အနောက်ဖက်မုခ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း စာအောင်သံဃာတော်များနှင့် သီလရှင်များအပါး(၂၃၄၀)အား ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။ အဆိုပါ စာအောင်သံဃာတော်များနှင့် သီလရှင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊လွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်ရင်၊တရား သူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့များ၊ စေတနာရှင် ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဘွယ်ပစ္စည်းများကို စေတနာထက်သန်စွာ လောင်းလှူခဲ့ကြကြောင်းနှင့် တတိယအကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူခြင်းဖြစ်ကြောင်း သိရှိရသည်။

Read More »

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် စာအောင်သံဃာ၊ သီလရှင်များအား (တတိယအကြိမ်)မြောက် ဂုဏ်ပြုပူဇော်ပွဲကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၁ (ပဲခူး) ================= သာသနာတော်မြတ်ကြီး အရှည်ခန့်၍တည်တံ့စေရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးပြီး ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား တတိယအကြိမ် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းမင်္ဂလာ၊ ဂိုဏ်းပေါင်းစုံ သံဃနာယကဆရာတော်ကြီးများ၊ စာအောင်သံဃာနှင့် သီလရှင်များအား တတိယအကြိမ်မြောက် ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နိုင်ငံတော်သြဝါဒစရိယ၊ နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော်ဗဟိုဝန်ဆောင်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့်ဆရာတော်ကြီး(၁၂၈)ပါးနှင့် စာအောင်သံဃာ(၂၂၁၂)ပါး စုစာပေါင်း(၂၃၄၀)ပါးတို့က ဆုတောင်းပြည့် ရွှေမော်ဓော်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းမင်္ဂလာ ပြုလုပ်တော်မူကြပြီး စာအောင်သံဃာတော်များနှင် သီလရှင်များအား ကျောက်ပန်းတောင်းဓမ္မာရုံ၌ ဂုဏ်ပြုချီးကျူးပူဇော်ပွဲကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ကြို့ပင်ကောက်မြို့ တိုက်ကျောင်းပါဠိတက္ကသိုလ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိဘဒ္ဒန္တကောဏ္ဍညထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များမှ …

Read More »