Home / 2020 / February / 05

Daily Archives: February 5, 2020

တိုင်းဒေသကြီးအဆင့် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်နှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေး(စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၅ (ပဲခူး) ————————— ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ဥဿာမြို့သစ်၊ (၃)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဒေါင့်ရှိ ဒေသန္တရကျန်းမာရေးရုံးတွင် ပဲခူးတိုင်းဒေသကြီးအဆင့် ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်နှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေး(စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါ ပဲခူးတိုင်းဒေသကြီးအဆင့် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်နှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေး(စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း အခမ်းအနားကို လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းနှင့် ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အကြံပေးအရာရှိ ဒေါက်တာခင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများက ကလေးများအား ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးနေမှုကို ကြည့်ရှုကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ရိုတာဗိုင်းရပ်(စ်)သည် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီး အသက်ငါးနှစ်အောက် ကလေးငယ်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်စေသော အဓိကအကြောင်းအရင်းမှာ ရိုတာဗိုင်းရပ်(စ်)ပိုး ကူးစက်မှုကြောင့်ဖြစ်သည်၊ တစ်နှစ်အောက် ကလေးငယ်များတွင်ဖြစ်ပွားပါက …

Read More »