Home / 2020 / February / 06

Daily Archives: February 6, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း မိုးညိုမြို့နယ်၊ လက်ပံခုန်ကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၆ (မိုးညို) ==================== ဖေဖော်ဝါရီလ(၆)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ လက်ပံခုန်ကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းပြည်တစ်ခုမှာ ပြည်တွင်းစစ်ဖြစ်နေသ၍ ငြိမ်းချမ်းရေးမရရှိနိုင်ဘဲ ဒေသဖွံ့ဖြိုးရေးများလည်း ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးမရရှိပါက တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ နှောင့်နှေးကြန့်ကြာနေဦး မည်ဖြစ်ကြောင်း၊ ဒါကြောင့် မိမိတို့အစိုးရလက်ထက်တွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဦးစာပေး ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် လူမျိုးဘာသာမရွေး တန်းတူညီမျှမှု ရရှိစေရန်၊ လူတစ်ဦးချင်းစီ တန်ဖိုးထားကာ ဥပဒေအရ အကာကွယ်ပေးသည့် ဒီမိုကရေစီစနစ် ထွန်းကားပြန့်ပွားလာရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ ပုံစံ(၇)နှင့် မြေယာဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ကျန်းမာရေးဆိုင်ရာ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း မိုးညိုမြို့နယ်၊ ငကျီးကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဖေဖော်ဝါရီ ၆ (မိုးညို) ==================== ဖေဖော်ဝါရီလ (၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မိုးညိုမြို့နယ်၊ ငကျီးကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့တာ ကြာညောင်းခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အတ္တကိုရှေ့တန်းထားပြီး အယူဝါဒမျိုးစုံ လက်ကိုင်ထားရှိခဲ့တဲ့ ဆိုးမွေတွေကြောင့် ငြိမ်းချမ်းရေးကို မရရှိဘဲ ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှုနောက်ကျခဲ့ပြီး ကျဆုံးတိုင်းပြည် တစ်ခုအနေဖြင့်သာ ရပ်တည်ခဲ့ရကြောင်း၊ အဓိကအားဖြင့် ယခင်ခေတ်ကာလများက ဒီမိုကရေစီစနစ်တွေ မကျင့်သုံးခဲ့ဘဲ အာဏာရှင်စနစ်ဖြင့် တိုင်းပြည်ကို တည်ဆောက်ခဲ့ခြင်းကြောင့် အကြောက်တရားပေါ် အခြေခံပြီး မကျေနပ်မှုများ၊ အသင်းအဖွဲ့ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ဒါကြောင့် ယနေ့ခေတ်အခါသည် ပြုပြင်ပြောင်းလဲရေး အချိန်ကာလတစ်ခုကို ရောက်ရှိလာခဲ့ပြီး မတူညီချက်များကို ပေါင်းစုပြီး အတူယှဉ်တွဲ နေထိုင်လုပ်ကိုင်ကြခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုများ ပိုမိုရရှိလာကာ ငြိမ်းချမ်းသော …

Read More »