Home / 2020 / February / 11

Daily Archives: February 11, 2020

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် (၅)ကီလိုမီတာအပြေးပြိုင်ပွဲတွင် အားကစားသမား(၆၀၀)ကျော် ပါဝင်ယှဉ်ပြိုင်

FI

ဖေဖော်ဝါရီ ၁၁ (ပဲခူး) —————————- (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နံနက်(၆)နာရီအချိန်က တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် Pocari Sweat Iron အားဖြည့်အချိုရည်တို့ ပူးပေါင်းပြီး ပဲခူးမြို့တွင် Myanmar Union Day Peace Run (၅) ကီလိုမီတာ အသက်(၁၅)နှစ်အောက် ကျား/မ အပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သည်။ Myanmar Union Day Peace Run(၅) ကီလိုမီတာ အသက်(၁၅)နှစ်အောက် ကျား/မအပြေးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများ၊ အပြေးအားကစားကို စိတ်ပါဝင်စားသည့် ပြည်သူများ စုစုပေါင်း (၆၀၀)ဦးကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းမြင့်နှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့မှ သေနတ်ပစ်ဖေါက်၍ တာလွှတ်ပေးကြပြီး အားကစားသမားများမှ ပဲခူးမြို့၊ ဟင်္သာလမ်းရှိ ဟံသာဝတီဘောကွင်းရှေ့မှစတင်၍ ဟင်္သာလမ်း၊ …

Read More »

ပဲခူးမြို့တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

FI

ဖေဖော်ဝါရီ ၁၁ (ပဲခူး) ——————————- ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြသည်။ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်ထမ်းများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား(၇၀၀)ဖြင့် ရွှေမော်ဓောဘုရား ရင်ပြင်တော်နှင့် ဘုရားပရဝဏ်၊ စောင်းတန်းတို့ကိုလည်းကောင်း၊ ရွှေမော်ဓောဘုရားယာဉ်နားကွင်းနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်ဝန်းအတွင်း၌လည်းကောင်း၊ ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး အတွင်း/အပြင်၌လည်းကောင်း အုပ်စုများခွဲပြီး အမှိုက်ကောက်ခြင်းဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြကြောင်း သိရသည်။ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးပြီး ဌာနဆိုင်ရာများနှင့်အတူ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »