Home / 2020 / February / 12

Daily Archives: February 12, 2020

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာ ဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၁၂ (ပဲခူး) =============== ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ညနေ(၄)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားအနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးလှမျိုးရွှေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားများ ရောင်းချသော မြန်မာတိုင်းရင်းသားရိုးရာ အစားအစာများနှင့် ပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်း၊ အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်ပြခန်း၊ ဌာနဆိုင်များ၏ ဌာနအလိုက် ကျန်းမာရေးပြခန်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြခန်း၊ ပညာရေးပြခန်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာပြခန်းများ ပြသထားခြင်း၊ ကရင်၊ ရခိုင်၊ မွန်၊ ပအိုဝ်းတိုင်းရင်းသားများ၏ …

Read More »

ပဲခူးမြို့တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၁၂ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဖက်မုခ်ရှိ ယာဉ်ရပ်နားကွင်းတွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်၊ တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၅၀၀)ဦးကျော် တက်ရောက်ကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်အမှူးပြုသော တက်ရောက်လာကြသူအားလုံးက အမှတ်(၇၇)‌ ခြေမြန်တပ်မဌာနချုပ် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံနှင့် ကျဆုံးသွားသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ …

Read More »