Home / 2020 / February / 13

Daily Archives: February 13, 2020

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပန်းချီပြိုင်ပွဲ ၊ ကဗျာသီချင်း ရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

FI

ဖေဖော်ဝါရီ ၁၃ (ပဲခူး) ————————— လူမှုဝန်ထမ်းဦးစီးဌာန၊ ပဲခူးမြို့ အမှတ်(၁)မူလတန်းကြိုကျောင်းတွင် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်က မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပန်းချီပြိုင်ပွဲ ၊ ကဗျာသီချင်း ရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မူကြိုသားငယ် / သမီးငယ်လေးများမှ ပန်းချီဆေးရောင်ချယ်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း ကဗျာ၊ ဗိုလ်‌‌တေဇကဗျာ၊ ကလေးများနေ့ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် သားငယ် ၊ သမီးငယ်လေးများအား ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်နှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပွဲအား မူကြိုကလေးအရွယ်မှစတင်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား သိရှိထားစေရန်၊ ကလေးများနေ့ သီချင်းများ၊ ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သောသီချင်း၊ ကဗျာများ ရွတ်ဆိုနေခြင်းဖြင့် ပြည်ထောင်စုစိတ်ဓါတ်နှင့် မျိုးချစ်စိတ်များတက်ကြွဖြစ်‌ပေါ်လာစေရန်၊ သီချင်း …

Read More »