Home / 2020 / February / 15

Daily Archives: February 15, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဝေါမြို့နယ်မြစ်ကျိုးကျေးရွာတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဖေဖော်ဝါရီ ၁၅ (ဝေါ) —————————— ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ရီရီထိုက်၊ တိုင်း ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ် မြစ်ကျိုးကျေးရွာ မြို့မ‌‌ေကျာင်းကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်‌ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှုး ဒေါက်တာကိုဦးက အဆုတ်ရောင်ရောဂါဖြစ်ပွားမှု၊ ကုသမှု၊ ကြိုတင်ကာကွယ်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရမှူး ဦးနိုင်ဦးမှ သီးနှံစိုက်ပျိုးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ဈေးကွက်ရရှိမှု အ‌ခြေအနေများကိုလည်းကောင်း၊ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသီးသီးရှင်းလင်းပြောကြား ပေးကြသည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက အောက်ဂွေ့ကြီးကျေးရွာရှိ ချောင်းကမ်းပါးပြိုကျနေမှုအား ကာကွယ်နိုင်ရေး စစ်တောင်းမြစ်လက်တက်အား ချောင်းဖြောင့်တူးပေးရန်၊ ပုံဂံကျေးရွာအုပ်စု၊ တာစုကျေးရွာနှင့် သံမှိန်းကုန်းတောင်ကွင်း ကုန်ထုတ်လမ်းဖောက်လုပ်ပေးရန်၊ အဘားကျေးရွာ၊ ကရင်စုကျေးရွာ၊ ဖိုးဦးစိန်ကျေးရွာ၊ အညာစုကျေးရွာနှင့် သူဌေးကုန်းကျေးရွာ လျှပ်စစ်မီးရရှရေး ဆောင်ရွက်ပေးရန်၊ အုတ်ဖို(၁)ကျေးရွာ၊ အုတ်ဖို(၂)ကျေးရွာ၊ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့နယ်၊ မယင်းကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဖေဖော်ဝါရီ ၁၅ (ပဲခူး) ====================== ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ (၁၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့နယ်၊ မယင်းကျေးရွာ၊ စမ္မာဥအွန်ဒုံး(SMU) ကိုရီးယားခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူ့အဖွဲ့တစ်ခုမှာ အထက်အောက်ဝါဒတွေ ကျင့်သုံးပြီး လူအချင်းချင်း အားကိုးတတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး အထက်ကလူမှားယွင်းပါက အဲဒီလူ့အဖွဲ့အစည်းတစ်ခုလုံး မှားယွင်းကျဆုံးခဲ့သည်ကို နားလည်ရန်လိုအပ်ကြောင်း၊ မိမိကိုယ်တိုင် အားမကိုးဘဲ အခြားသူကိုသာ ယုံကြည်အားကိုးချင်စိတ်များကြောင့် နောက်လိုက်အဖြစ်နဲ့သာ ဘဝလမ်းဆုံးမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်ကာလသည် မိမိကိုယ်တိုင် ယုံကြည်အားကိုးချင်စိတ်များ ဖြစ်လာစေရန် ကြိုးစားရမည်ဖြစ်ပြီး အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထများ ရရှိစေရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် အာဏာနှင့် သူရဲကောင်းဝါဒကို ကျင့်သုံးခဲ့ခြင်းကြောင့် ယနေ့အချိန်အခါတွင် ပြဿနာတစ်ခုခု ဖြစ်ပွားလာပါက တစ်ဘက်နှင့်တစ်ဘက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မလိုလားအပ်သော ပြစ်မှုများဖြစ်ပွားလျက်ရှိကြောင်း၊ အဓိကအားဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ပြဿနာကိုအဖြေရှာတတ်သည့် လူ့အဖွဲ့အစည်းတစ်ခု မဖြစ်ပေါ်သေးသ၍ ပြစ်မှုများ …

Read More »