Home / 2020 / February / 16

Daily Archives: February 16, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့နယ်၊ စစ်ပင်ဆိပ်ကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

86649331_1258021481059865_8811953344294682624_o

ဖေဖော်ဝါရီ ၁၆ (ပဲခူး) ================= ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ မွန်းလွဲ(၁၂:၃၀) အချိန်က ပဲခူးမြို့၊ စစ်ပင်ဆိပ်ကျေးရွာ၊ အကျွတ်အလွတ် သိဒ္ဓိရှင်ဗုဒ္ဓရုပ်ပွားတော် ရင်ပြင်တော်ပေါ်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူ့အစိုးရပီပီ ပြည်သူလူထုအတွင်း၌ ဖြစ်ပေါ်လျက်ရှိသော အခက်အခဲ၊ ပြဿနာများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်၊ ခေတ်အဆက်ဆက် အစိုးရနှင့်ပြည်သူ အလှမ်းကွာဝေးခဲ့ရကြောင်း၊ မိမိတို့ ဒီမိုကရေစီအစိုးရလက်ထက်တွင် နယ်မြေဒေသအလိုက် ပြည်သူလူထုနှင့် ထိတွေ့ပြီး မိသားစုအသွင်သဏ္ဍာန် ပွင့်ပွင့်လင်းလင်း တွေ့ဆုံညှိနှိုင်းကာ ဒီမိုကရေစီစနစ်နှင့်အညီ အားလုံးပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် အစိုးရနှင့်ပြည်သူ တစ်သားတည်းလက်တွဲ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းဆောင်ရွက်နိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများက Corona virus အဆုတ်ရောင်ရောဂါအကြောင်းနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ အမြန်လမ်းမကြီး ဥပဒေနှင့် လမ်းများထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးမှ အသိပညာပေး …

Read More »

အကျွတ်အလွတ် သိဒ္ဓိရှင်မြတ်စွာဘုရား ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာပွဲသို့ ပဲခူးတိုင်းဝန်ကြီးချုပ် တက်ရောက်ကုသိုလ်ယူ

FI

ပဲခူး ဖေဖော်ဝါရီ ၁၆ —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့နယ် စစ်ပင်ဆိပ်ကျေးရွာရှိ ဒိုးတန်းသာသနာ့နယ်မြေကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် အကျွတ်အလွတ် သိဒ္ဓိရှင်မြတ်စွာဘုရား ရုပ်ပွားတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကုသိုလ်ယူကြသည်။ ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များက အကျွတ်အလွတ်သိဒ္ဓိရှင် မြတ်စွဘုရားရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်‌တော်မူကြပြီး ရေစက်ချအလှူမင်္ဂလာပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတံဆိပ်ဆုများရှင် မထက်ထက်‌မော်က ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ ထူးမခြားနားသီချင်းခန့် သုံးပုဒ်ဖြင့် သီကျုးပူဇော်သည်။ ထို့နောက် ၀န်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ရွှေလင်းယုန်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအရဝိန္ဒာဘိဝံသမဟာထေရ်ထံမှ ငါးပါးသီလခံ ယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူကြကာ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဇနီးဒေါ်စန်းစန်းမော်မိသားစုတို့မှ အလှူငွေကျပ်(၁၀)သိန်း လှူဒါန်းခြင်းပြုလုပ်ကြပြီး …

Read More »