Home / 2020 / February / 19

Daily Archives: February 19, 2020

ဂေဟစနစ်ကို တန်ဖိုးထားပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၁၉ (ပဲခူး) ========================== ဂေဟစနစ်ကို တန်ဖိုးထားပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဖေဖော်ဝါရီလ (၁၉)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ ခိုင်မြဲစေရန် တော၊ တောင်၊ ရေ၊ မြေစသည့် သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းများသည် အနာဂတ်အတွက် ပိုမိုကောင်းမွန်မည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ နေရာဒေသကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ဒေသထွက်ကုန်ကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ကိုးကွယ်မှု ဘာသာရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို အခြေခံသည့်ခရီးသွားလုပ်ငန်းများ စသည်တို့ကို ပိုမိုပေါ်လွင်ထင်ရှားစေရန် အလေးထားဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ပသိဆည်ဝန်းကျင်ရှိ ရှမ်းရွာ၊ ကယားရွာစသည်တို့၏ …

Read More »