Home / 2020 / February / 20

Daily Archives: February 20, 2020

အနောက်ဘက်မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်တစ်ခု ဖောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

FI

ဖေဖော်ဝါရီ ၂၀ (ပဲခူး) ========================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က အနောက်ဘက်မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်တစ်ခု ဖောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ လမ်းဖောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ယခုဖောက်လုပ်ရန်လျာထားသည့် အနောက်ဘက်မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းစီမံကိန်းသည် အနာဂတ်မြို့ပြအတွက် အသုံးဝင်လာမည်ဖြစ်ပြီး ပဲခူးမြို့အား အလယ်မှာထားကာ  ပြည်ထောင်စုလမ်းမကြီးများနှင့် ချိတ်ဆက်ရန် လမ်းကွန်ယှက်များကို နှစ်အလိုက် ဘတ်ဂျက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြတစ်ခုအတွက် သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုရှိမှသာ နေပျော်ဖွယ် မြို့ပြတစ်ခုဖြစ်လာနိုင်မှာဖြစ်ကြောင်း၊ ယခုလျာထားသည့် လမ်းအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တက်ရောက်လာသည့် ကော်မတီဝင်များမှ အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်း မိုင်(၅/၇-၆/၀) အတွင်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်(၃၂-၆/၃၂-၇)ကြားရှိ …

Read More »