Home / 2020 / February / 21

Daily Archives: February 21, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား

FI

ဖေဖော်ဝါရီ ၂၁ (ရေတာရှည်) ————————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နေ့လယ်(၁:၃၀)နာရီအချိန်က ဌာနဆိုင်ရာများနှင့်အတူ စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။ ရှေးဦးစွာ ရှင်းလင်းဆောင်၌ ဝန်ကြီးချုပ်နှင့်အဖွဲ့အား စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်)ကို တာဝန်ယူတည်ဆောက်နေသည့် တံတားအထူးအဖွဲ့(၆)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလွင်နှင့် ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်) တည်ဆောက်ခြင်းနှင့် ချဉ်းကပ်လမ်းဖေါက်မည့် လုပ်ငန်းစဉ်များနှင့်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး တံတားတည်ဆောက်ပြီးစီးမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်)သည် ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်ကျေးရွာအနီး ရေတာရှည်-ကရင်ချောင်း-လိပ်သိုသွားကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကိုဖြတ်၍ အရှည်(၈၀၀)ပေ၊ ယာဉ်သွားလမ်းအကျယ်(၂၄)ပေ၊ လူသွားလမ်းအကျယ်တစ်ဖက်လျှင်(၃)ပေစီ၊ သံကူကွန်ကရစ်တံတား အမျိုးအစားအဖြစ် ၂၀၁၈ခုနှစ်၊ မေလ(၂၈)ရက်နေ့မှစတင်ကာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံ‌‌ငွေ စုစုပေါင်းကျပ်သန်း (၅၅၄၂)သန်းဖြင့် တည်ဆောက်လျှက်ရှိသော တံတားတစ်စင်းဖြစ်သည်။ ယခုအခါအဆိုပါ မြစ်ကူးတံတားသည်(၇၂)ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၂၀ ခုနှစ်ဩဂုတ်လတွင် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ် ကြံသနွယ်ရွာနှင့် အမြန်လမ်း(၁၅၈)မိုင်သို့ ဆက်သွယ်ဖေါက်လုပ်မည့်လမ်းတွင် ‌လယ်ယာမြေပါဝင်သွားသည့် တောင်သူများနှင့်တွေ့ဆုံ

FI

ဖေဖော်ဝါရီ ၂၁ (ရေတာရှည်) ——————————— ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ ညနေ(၄:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ် နတ်ရေတွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကြံသနွယ်ရွာနှင့် အမြန်လမ်း(၁၅၈)မိုင်သို့ ဆက်သွယ်ဖေါက်လုပ်မည့် လမ်းတွင် လယ်ယာမြေပါဝင်သွားသည့် တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းပွဲ ပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလမ်းဦးစီး ညွှန်ကြားရေးမှုး(မြို့ပြ) ဦးတိုးတိုးက လမ်းအူကြောင်း‌ ရှာဖွေဖောက်လုပ်ထားရှိမှု အ‌ခြေအနေနှင့် သီးနှံ/မြေယာလျှော်ကြေး ပေးဆောင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားကာ ကြံသနွယ်ရွာနှင့် အမြန်လမ်း(၁၅၈)မိုင်သို့ ဆက်သွယ်ဖေါက်လုပ်မည့် လမ်းတွင် လယ်ယာမြေပါဝင်သွားသည့် တောင်သူများက သိလိုသည်များ‌‌ မေးမြန်းဆွေးနွေးခဲ့ကြသည်။ ရေတာရှည်မြို့နယ် ကြံသနွယ်ရွာနှင့် အမြန်လမ်း(၁၅၈)မိုင်သို့ ဆက်သွယ်ဖေါက်လုပ်မည့်လမ်းသည် အရှည်(၃)မိုင် (၆)ဖာလုံ ရှိပြီး ကြံသနွယ်ကျေးရွာအုပ်စု နတ်ရေတွင်းကျေးရွာနှင့် ကျောက်ချောင်းကျေးရွာတို့ကို ဖြတ်သန်းကာဖောက်လုပ်မည်ဖြစ်သဖြင့် ခင်တန်းကြီးကျေးရွာအုပ်စုနှင့် ကြံသနွယ်ကျေးရွာအုပ်စုအတွင်းမှ ခန့်မှန်းတောင်သူ(၂၇)ဦး၏ ခန့်မှန်း လယ်‌ယာမြေ(၄၆)ဧကခန့် ပါရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းအား …

Read More »

e-Government အထောက်အကူပြု e-Office System အသုံးပြုနည်း သင်တန်းဖွင့်လှစ်

FI

ဖေဖော်ဝါရီ ၂၁(ပဲခူး) =================== ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်း၌ e-Government အထောက်အကူပြု e-Office System အသုံးပြုနည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ Host Myanmar Co., Ltd , မန်နေးဂျင်းဒါရိုက် Director ဦးကျော်စွာသန့်က e-Office System နှင့်ပတ်သက်၍ မိတ်ဆက်ပေးခြင်းနှင့် e-Office System အသုံးပြုရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ Host Myanmar Co., Ltd ဒါရိုက်တာ ဦးသန်းနိုင်စိုးက e-Office System လက်တွေ့အသုံးပြုနိုင်ရေးတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် သင်တန်းတက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အမှုထမ်း၊ အရာထမ်းတို့က ရုံးစာများအား e-Office System ဖြင့် အသုံးပြုခဲ့ကြပြီး အစိုးရအဖွဲ့ရုံး၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ ဝန်ထမ်းများက အနီးကပ်ဝိုင်းဝန်း သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်ကျေးရွာ ပြည်သူများတွေ့ဆုံ

86971713_1261769467351733_4249628697805455360_o

ဖေဖော်ဝါရီ ၂၁ (ရေတာရှည်) _________________ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကျွဲရိုင်းပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ရှိခိုးကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အမှစကားပြောကြားခဲ့သည်။ ထို့နောက် တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာမီမီခင်က အဆုတ်ရောင်ရောဂါ 2019-nConရောဂါအကြောင်း သိကောင်းစရာများကိုလည်း‌ကောင်း၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးမျိုးသိန်းက ဌာန၏လုပ်ဆောင်ချက်များနှင့် မြစိမ်းရောင်စီမံကိန်းအကြောင်းကိုလည်းကောင်း၊ ရေတာရှည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်လင်က နေပီယာမြက်စိုက်ပျိုးထုတ်လုပ်ရေးနှင့် ကျွဲ၊နွား၊ဝက် တရစ္ဆာန်များ စနစ်တကျ မွေးမြူရေးဆိုင်ရာများကို အသိပညာပေးဟောပြောကြပြီး ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း ဦးစီးဌာန၏ …

Read More »