Home / 2020 / February / 22

Daily Archives: February 22, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူခရိုင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (၂/၂၀၂၀/အစည်းအဝေးသို့တက်ရောက်

FI

ဖေဖော်ဝါရီ ၂၂ (တောင်ငူ) _____________________ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် တောင်ငူခရိုင်အတွင်းရှိ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (၂/၂၀၂၀)အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရကော်မတီ ဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး တောင်ငူခရိုင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ထို့နောက် တောင်ငူခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်လွင်မှ မြို့နယ်အလိုက် စိစစ်ရမည့်အမှုတွဲများနှင့် သိမ်းဆည်းမြေဆိုင်ရာကိစ္စရပ်များအား ဖတ်ကြားရှင်းလင်းတင်ပြသည်ပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်မှ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရကော်မတီဥက္ကဌ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် …

Read More »

တောင်ငူခရိုင်တိုင်းရင်းသား စကောကရင်စာပေသင်ကြားမှု သုံးသပ်ခြင်းနှင့် ဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ

FI

ဖေဖော်ဝါရီ ၂၂ (တောင်ငူ) ______________________ တောင်ငူမြို့ ဆောထိသောဘုရားကျောင်းဝန်းခန်းမတွင် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က တောင်ငူခရိုင်တိုင်းရင်းသား စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်၍ ၂၀၁၉-၂၀၂၀ပညာသင်နှစ် တောင်ငူခရိုင်အတွင်းတိုင်းရင်းသား စကောကရင်စာပေသင်ကြားမှု သုံးသပ်ခြင်းနှင့် ဂုဏ်ပြုခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဉီးစွာ တောင်ငူမြို့နယ်တိုင်းရင်းသား စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက စောထူးဘလပ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပဲခူးတိုင်းသေကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက အမှာစကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားအရေးဆိုင်ရာ ကော်မတီဝင် ဦးစန်းမြင့်မှ တိုင်းရင်းသားအရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ တောင်ငူခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်းက တိုင်းရင်းသားစာပေ သင်ကြားရေးလုပ်ငန်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပြီး တောင်ငူခရိုင်အတွင်းရှိ ကျောက်ကြီး၊ ထန်းတပင်၊ ဖြူး၊ အုတ်တွင်း၊ ရေတာရှည်၊ တောင်ငူမြို့နယ်များမှ တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တိုင်းရင်းသား စကောကရင်စာပေ သင်ကြားမှုအ‌ခြေအနေများကို သုံးသပ်တင်ပြကြသည်။ ယင်းနောက် တောင်ငူခရိုင်တိုင်းရင်းသားစာပေနှင့် …

Read More »