Home / 2020 / February / 25

Daily Archives: February 25, 2020

ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ရသုံးခန့်မှန်းချေငွေစာရင်း အချက်အလက်များ(Citizen’s Budget) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

ဖေဖော်ဝါရီ ၂၅ (ပဲခူး) =================== ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်ရှိ ဥဿာကျော်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ရသုံးခန့်မှန်းချေငွေစာရင်း အချက်အလက်များ(Citizen’s Budget) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြည်သူလူထု ဗဟိုပြုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ သိရှိသုံးစွဲနိုင်ရန်အတွက် အာရှဖောင်ဒေးရှင်းမှ တစ်ဘက်တစ်လမ်းမှ ကူညီပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် တိုင်းပြည်အခွန်ငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်နေရသဖြင့် ဌာနဆိုင်ရာများကလည်း မှန်မှန်ကန်ကန် အခွန်ငွေများ ကောက်ခံရမည်ဖြစ်သလို ပြည်သူများကလည်း နိုင်ငံကြီးသားပီသစွာ အခွန်ပေးဆောင်ရန် တာဝန်ရှိကြောင်း၊ တိုင်းပြည်အပြောင်းအလဲ အချိန်ကာလတစ်ခုမှာ ကျေးရွာများတွင် ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးခြင်းမှစပြီး လမ်း/တံတားနှင့် လျှပ်စစ်မီးများ ရရှိစေရန်၊ နယ်စပ်ဒေသများရှိ မြို့နယ်များအား အခြားပြည်နယ်/ တိုင်းဒေသကြီးတို့နှင့် ချိတ်ဆက်ပေးနိုင်ရန်ကိုလည်း ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးရွာချင်းဆက် ရေပြာစမ်းတံတားဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

FI

ဖေဖော်ဝါရီ ၂၅ (ပဲခူး) ___________________ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် လေးအိမ်စု-ဝက်လာကွင်း လမ်းပေါ်ရှိ ကျေးရွာချင်း ဆက်ရေပြာစမ်း သံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ကျေးရွာချင်းဆက် ရေပြာစမ်းသံကူကွန်ကရစ်တံတားနှင့် ပတ်သက်သည့် အချက်အလက်များအား ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ရေပြာစမ်းတောရ ဆရာတော်ဉူးပညာနန္ဒ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လေးအိမ်စုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်တို့က တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ အဆိုပါ ကျေးရွာချင်းဆက် ရေပြာစမ်းတံတားသည် လေးအိမ်စု-ဝက်လာကွင်းသွား လမ်းပေါ်တွင် (20’×14’×10′-6″) သံဘောင်ယက်မခံ သံကူကွန်ကရစ်တံတားအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၁၅)သန်းဖြင့် ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့သော တံတားဖြစ်ပြီး ယခုအခါ ရေပြာစမ်းတံတား ဖွင့်လှစ်လိုက်ပြီဖြစ်သောကြောင့် လေးအိမ်စု၊ ဝက်လာကွင်း၊ ရေပြာစမ်း၊ …

Read More »