Home / 2020 / February / 26

Daily Archives: February 26, 2020

ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးရေလျှံမှု ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်း တွေ့ရှိချက်နှင့် အကျိုးရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) ==================== ဖေဖော်ဝါရီလ (၂၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးရေလျှံမှု ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်း တွေ့ရှိချက်နှင့် အကျိုးရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးရေလျှံမှု ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်းကို JICA အကူအညီဖြင့် ဂျပန်တိုကျိုတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ၊ ယခုအခါ သုတေသနတွေ့ရှိချက်များ ရရှိလာခဲ့ပြီးဖြစ်၍ အလွန်ကျေးဇူးတင်ရှိကြောင်း၊ ရရှိလာသည့် အချက်အလက်များကို အခြေခံပြီး အနာဂတ် မြို့ပြစီမံကိန်းများ ရေးဆွဲခြင်းနှင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းတို့ကို ရေရှည်စီမံကိန်းများ ချမှတ်ရေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း၊ တစ်ခေတ်တစ်ခါက ဂေဟစနစ်ကို မထိန်းသိမ်းနိုင်ခဲ့ဘဲ သစ်တောများ ပြုန်းတီးရာမှတစ်ဆင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ ဒီအခြေအနေကို ပြန်လည်ကုစားနိုင်ရေး သစ်တောစိုက်ခင်းများ ထူထောင်ခြင်း၊ မြစ်ကြောင်းတစ်လျှောက် သောင်တူးခြင်းနှင့် မြစ်ကြောင်း ဖြောင့်ခြင်းလုပ်ငန်းများကိုလည်း တစ်ဆက်တည်း …

Read More »

Bago Region Investment Fair 2020 ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က Bago Region Investment Fair 2020 ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဌာနဆိုင်ရာနှင့် ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များ ဟန်ချက်ညီညီဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ကုန်လမ်းဆုံတိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ပင်လယ်ထွက်ပေါက်များနှင့်လည်း အချိန်တိုအတွင်း ချိတ်ဆက်သွားလာနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးထက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အခွန်ကင်းလွတ်ခွင့်(၂)နှစ် ရှိနေပြီး မိမိတို့တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာကောင်းများကို ဖော်ထုတ်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးကိုကိုလတ်က Bago Region Investment Fair 2020 ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဝဏ္ဏအောင်တို့က Bago Region Investment …

Read More »

ပဲခူးမြို့တွင် ဒုတိယအကြိမ် မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) __________________ ပဲခူးမြို့ ရှင်စောပုလမ်း၊ ရှင်စောပုဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖေ‌ေဖာ်ဝါရီလ(၂၆)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်က ဒုတိယအကြိမ် မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုးရေးကောမတီဥက္ကဌ ဦးဝင်းသိန်းက မိမိတို့တိုင်းဒေသကြီးရဲ့ရေရှည်ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာ အတတ်ပညာများကို စေတနာထား လာရောက်ပို့ချပေးသည့် ပညာရှင်ဆရာများကို ကျေးဇူးတင်ရှိပါကြောင်း၊ မြို့ပြနှင့်အိမ်ရာကဏ္ဍမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်လာစေဖို့ သင်တန်းတက်ရောက်လာကြသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအနေဖြင့် အလေးထားသင်ယူကြဖို့နှင့် တက်ကြွစွာပါဝင်ဆွေးနွေးကြရန် အဖွင့်အမှာစကား ပြောကြားပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ယခင်အိုးအိမ်ဦးစီးဌာန၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ကျရောက်ခြင်းအတွက် အိမ်ရာပညာရှင်ဆရာဦးမြင့်ဆွေက ဦးစီးဌာန၏ အကြောင်းအရာ အကျဉ်းအား ရှင်းလင်းပြောကြားပြီး တက်ကောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ …

Read More »