Home / 2020 / March / 05

Daily Archives: March 5, 2020

လူမှုဖူလုံရေး အကျိုးခံစားခွင့် ပေးအပ်ခြင်း အခမ်းအနားကျင်းပ

FI

မတ် ၅ (ပဲခူး) ———————————- မတ်လ(၅)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးမြို့ ဥဿာမြို့သစ်၊ (၆)ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးတို့က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ကေသီခိုင်မှ လူမှုဖူလုံရေးရပိုင်ခွင့်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ညောင်လေးပင်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့သစ်လုပ်ငန်းဌာနမှ အာမခံအလုပ်သမား ဦးကျော်လင်း၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ်သိန်း(၉၀)နှင့် ဦးဝင်းလှိုင်၏ အလုပ်တွင်ထိခိုက်မှု သေဆုံးမှုအတွက် ငွေကျပ်(၅၄)သိန်း၊ ပဲခူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အမှတ်(၃၃)သစ်စက်မှ အာမခံအလုပ်သမား ဦးကျော်လွင်ဦး၏ နာရေးစရိတ်ငွေကျပ်(၉၆၈၂၂၀)၊ Sunforce ကုမ္ပဏီမှ အာမခံအလုပ်သမား ဦးကျော်ကိုကိုနိုင်၏ အလုပ်တွင် …

Read More »