Home / 2020 / March / 06

Daily Archives: March 6, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂနှင့်တွေ့ဆုံ

FI

မတ် ၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မတ်လ(၆)ရက်နေ့၊ မွန်းလွဲ(၄:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂတို့ တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိကိုယ်တိုင် တောင်သူလယ်သများ သားသမီးဖြစ်၍ မိဘပြည်သူ တောင်သူလယ်သမားများအပေါ် ကိုယ်ချင်းစာစိတ်ထားပြီး အမြဲအဆင်ပြေနိုင်ရန် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အစိုးရ တက်လာသည့်အချိန်ကစပြီး ဌာနဆိုင်ရာများ အသုံးမပြုလုပ်ဘဲ သိမ်းဆည်းခဲ့သည့်လယ်ယာမြေများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့တာ အားလုံးအသိပင်ဖြစ်ကြောင်း၊ မြေယာသိမ်းဆည်းခဲ့စဉ်က နစ်နာကြေး၊ လျော်ကြေး မရရှိခဲ့သည့် ပြည်သူများကိုလည်း ထိုက်သင့်သည့် နစ်နာကြေး၊ လျော်ကြေးများ ရရှိစေရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂနှင့် တွေ့ဆုံရခြင်းကိုလည်း ဝမ်းမြောက်ပါကြောင်းနှင့် နစ်နာဆဲ တောင်သူများလည်း တစ်ပါတည်းခေါ်ဆောင်လာခဲ့သည့်အတွက် မိသားစုအသွင်သဏ္ဍာဖြင့် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဖြေရှင်းဆောင်ရွက်သွားမည်လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသား …

Read More »

ဂေဟစနစ်ပျက်စီးယိုယွင်းမှုကြောင့် ရာသီဥတုများ ဖောက်ပြန်လျက်ရှိကြောင်း ဝန်ကြီးချုပ်ပြောကြား

FI

မတ် ၆ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးတွင် နှစ်စဉ် မီးဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းတိုက်ခတ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ တစ်ခေတ်တစ်ခါတုန်းက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့် သတ္တုတူးဖော်မှုများ၊ သစ်ခုတ်ထုတ်လုပ်မှုများ စသည်တို့ကို အလွန်အမင်းဆောင်ရွက်ခဲ့သဖြင့် ယနေ့သဘာဝဘေး၏ အန္တရာယ်ကို ကြုံတွေခံစာနေကြရကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်အရ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးစသည့် လုပ်ငန်းစဉ်များတွင် ကုန်ကျခဲ့သည့် ပြည်သူ့ဘဏ္ဍာများမှာ နှစ်စဉ်အလွန်များပြားလျက်ရှိကြောင်း၊ ဒါကြောင့် မိမိတို့အစိုးရလက်ထက်တွင် ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဂေစနစ်ကို ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍လည်း ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အထူးမှာကြားလိုတာကတော့ ပူပြင်းရာသီတွင် မီးလောင်ခြင်းအပြင်၊ …

Read More »