Home / 2020 / March / 07

Daily Archives: March 7, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်တံခါးမြို့နယ်၊ သရက်စိန်ကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

မတ် ၇ (ကျောက်တံခါး) =================== မတ်လ(၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကျောက်တံခါးမြို့နယ်၊ ဆင်ဇလုပ်ကျေးရွာအုပ်စု၊ သရက်စိန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရှေးဦးစွာဝန်ကြီးချုပ်ဦးဝင်းသိန်း သည် သရက်စိန်ကျေးရွာ ဓမ္မသိဒ္ဓိဘုန်းတော်ကြီးကျောင်းဆရာ‌တော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီးနောက်  လူထုတွေ့ဆုံပွဲ ဆက်လက်ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်က ပြည်သူ့တင်မြှောက်လိုက်တဲ့ အစိုးရတစ်ခု၏ လုပ်ငန်းတာဝန်များ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းစွာ သိရှိနိုင်စေရန် မိသားစုစကားဝိုင်းတစ်ခုအနေဖြင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း မိမိတို့ကိုယ်ကျိုးကို ရှေ့တန်းမတင်ဘဲ အများကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ဦးစားပေးတင်ပြရန် လိုအပ်ပါကြောင်း၊ အာဏာရှင်စနစ်၏ အခြေခံသည် လူတစ်ဦးချင်းစီ၏ အတ္တပေါ်တွင် အခြေခံကြောင်း၊ မတူကွဲပြားမှုများကို ခွဲခြားနေသ၍ လွတ်လပ်သော ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ခုကို မတည်ဆောက်နိုင်ကြောင်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဘာသာနှင့် တစ်ဘာသာ မည်သို့ပင် မတူကွဲပြားနေပါစေ …

Read More »