Home / 2020 / March / 09

Daily Archives: March 9, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝေါမြို့နယ် ပြည်သူများနှင့်တွေ့ဆုံ တိုင်ကြားတင်ပြစာများအား ရှင်းလင်း

FI

မတ် ၉ (ဝေါ) —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မတ်လ(၉)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိုးယွန်းကြီးခန်းမ၌ ဝေါမြို့နယ် ပြည်သူများနှင့်တွေ့ဆုံပြီး တိုင်ကြားတင်ပြစာများအား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူ့များမှ တင်မြှောက်သော ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်နေသည့် အားနည်းချက်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန်၊ ပြည်သူများအနေဖြင့်လည်း ဒီမိုကရေစီအစိုးလက်ထက်တွင် ဒီမိုကရေစီ စံချိန်စံညွှန်းအတိုင်း မတူကွဲပြားမှုများကို လေးစားလက်ခံပြီး စုပေါင်းအားတစ်ရပ် ဖော်ဆောင်ကာပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ကျေးရွာများတွင် လယ်ယာမြေပြဿနာများဖြစ်ပေါ်လျက်ရှိပြီး မိမိတို့အစိုးရအနေဖြင့် တောင်သူလယ်သမားများဘက်မှ ရပ်တည်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သိမ်းဆည်းခံလယ်ယာမြေများ မူလတောင်သူများလက်ဝယ် အမြန်ဆုံးရောက်ရှိစေရေး မြေ/စစ်ကော်မတီ၏ မူဝါဒများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများအနက်မှ …

Read More »

ဝေါမြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့နှစ်ထပ်ဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

မတ် ၉ (ဝေါ) ——————————– ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မတ်လ(၉)ရက်နေ့ နံနက်(၁၁)နာရီအချိန်က တိုးချဲ့နှစ်ထပ်ဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က အဖွင့်အမှာစကားပြောကြားပြီး ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် လှူဒါန်းပေးကြသော အလှူရှင်များအား ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ပဲခူးတိုင်းဒေသကြီး ဆောက်လုပ်ရေးအထူးအဖွဲ့(၃)(မြို့ပြ) ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းမြက တိုးချဲ့နှစ်ထပ်လူနာဆောင်သစ် အဆောက်အဦနှင့်ပတ်သက်သည့် မှတ်တမ်းများအား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးဌာနမှူး ဒေါက်တာအေးငြိမ်းထံသို့ လွှဲပြောင်းပေးအပ်ကာ ဝေါမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးနိုင်မှ ဖွင့်ပွဲအထိမ်းအမှတ်အလံများအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ဝေါမြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့နှစ်ထပ်လူနာဆောင်သစ်အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဝန်ကြီးချုပ် …

Read More »