Home / 2020 / March / 11

Daily Archives: March 11, 2020

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြို့ရေးဦးစီးဌာနသို့ စက်ယန္တရားများ ပေးအပ်ပွဲကျင်းပ

FI

မတ် ၁၁ (ပဲခူး) ————————– ပဲခူးမြို့ ကလိကျေးရွာနှင့် ရှမ်းရွာကြီးကျေးရွာအနီးရှိ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အဆောက်အဦဝင်းအတွင်း၌ မတ်လ(၁၁)ရက်နေ့ နံနက်(၈)နာရီအချိန်က စက်ယန္တရားများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးအောင်ကျော်လူနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသများ အမြန်ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်လျှက်ရှိပြီး နိုင်ငံလူဦးရေ၏ (၇၀)ရာခိုင်နှုန်း‌ကျော်မှာ ကျေးလက်နေ ပြည်သူများဖြစ်‌ကြောင်း၊ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ ၊ အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက်ဆိုရင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် အဓိကကျကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာနှစ်တွင် လမ်းမိုင်(၂၁၂)မိုင် (၃.၇၃)ဖာလုံ၊ ၂၀၁၈ခု Mini Budgetတွင် (၁၉၆)မိုင်(၆.၈၁)ဖာလုံ၊ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာနှစ်တွင် …

Read More »