Home / 2020 / March / 12

Daily Archives: March 12, 2020

၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန(၁၇၁)ခု၌ အင်္ဂလိပ်စာဘာသာရပ်ကို (၇၉၁၉၁)ဦးဖြေဆို

FI

မတ် ၁၃ (ပဲခူး) ————————– မတ်လ(၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန(၁၇၁)ခု၌ (၈၄၉၈၂)ဦး ဖြေဆိုရန် စာရင်းပေးသွင်းလျှောက်ထားကြောင်း သိရသည်။ ပဲခူးခရိုင်အတွင်း၌ စာစစ်ဌာန(၆၅)ခုရှိပြီး ဖြေဆိုရန်စာရင်းသွင်း (အတွင်း/အလွတ်) လျှောက်ထားသည့် ကျောင်းသား/သူမှာ(၃၁၇၀၆)ဦး၊ တောင်ငူခရိုင်တွင် စာစစ်ဌာန(၄၃)ခု၊ ကျောင်းသား/သူမှာ(၁၂၉၉၁)ဦး၊ ပြည်ခရိုင်တွင် စာစစ်ဌာန(၃၀)ခု၊ ကျောင်းသား/သူမှာ(၁၄၁၃၂)ဦး၊ သာယာဝတီခရိုင်တွင် စာစစ်ဌာန(၃၃)ခု၊ ကျောင်းသား/သူမှာ(၁၆၃၃၃)ဦး၊ စုစုပေါင်း ပဲခူးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၁၇၁)ခု၌ ကျောင်းသား/သူ (အတွင်း/အလွတ်)ဖြေဆိုရန် စာရင်းသွင်းလျှောက်ထားသူ (၈၄၉၈၂)ဦးရှိကြောင်း သိရသည်။ ပထမနေ့တွင် စတင်ဖြေဆိုသည့် မြန်မာစာဘာသာရပ်၌ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ အရေအတွက်မှာ အတွင်းဖြေ(၅၃၆၂၁)ဦး၊ အလွတ်ဖြေ(၂၅၆၁၈)ဦး စုစုပေါင်း(၇၉၂၃၉)ဦး (၉၃.၂၄%)ဖြေဆိုကာ ယနေ့ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်တွင် အတွင်းဖြေ(၅၃၆၁၃)ဦး၊ အလွတ်ဖြေ(၂၅၅၇၈)ဦး၊ စုစုပေါင်း(၇၉၁၉၁)ဦး( ၉၃.၁၉%) ဝင်ရောက်ဖြေဆိုကြကြောင်း သတင်းရရှိသည်။

Read More »