Home / 2020 / March / 13

Daily Archives: March 13, 2020

စာအောင်သံဃာတော်များနှင့် သီလရှင်များ ဂုဏ်ပြုပူဇော်ပွဲနှင့် တတိယအကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ ဖြစ်မြောက်နိုင်ရေး ပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်များနှင့် ပံ့ပိုးကူညီပေးသူများအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်

FI

မတ် ၁၃ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၁၃)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က စာအောင်သံဃာတော်များနှင့် သီလရှင်များ ဂုဏ်ပြုပူဇော်ပွဲနှင့် တတိယအကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ ဖြစ်မြောက်နိုင်ရေး ပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်များနှင့် ပံ့ပိုးကူညီပေးသူများအား ဂုဏ်ပြုပွဲကျင်ပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ဝန်ကြီးညွန့်ရွှေက ကျင်းပပြုလုပ်ခဲ့သည့် စာအောင်သံဃာတော်များနှင့် သီလရှင်များ ဂုဏ်ပြုပူဇော်ပွဲနှင့် တတိယအကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ၏ အားသာချက်နှင့် နောက်နှစ်များတွင် ထပ်မံဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အစိုးရအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေမှ ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီး ဦးညွန့်ရွှေနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က စာအောင်သံဃာတော်များနှင့် သီလရှင်များ ဂုဏ်ပြုပူဇော်ပွဲနှင့် တတိယအကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ ဖြစ်မြောက်ရေးအတွက် လှူဒါန်းခဲ့သည့် အလှူရှင်များနှင့် ကူညီပံ့ပိုးပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ရာ၊ အလှူရှင်များကိုယ်စား မြို့မိ/မြို့ဖ ဦးဝင်းနှင့် ပရဟိတအသင်းများကိုယ်စား …

Read More »

COVID-19 ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်တွင် အသုံးပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရန်ကုန်)မှ အလှူငွေ လာရောက်လှူဒါန်း

FI

မတ် ၁၃ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ မတ်လ(၁၃)ရက်နေ့၊ မွန်းလွဲ(၁:၄၅)အချိန်က COVID-19 ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်တွင် အသုံးပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရန်ကုန်)မှ အလှူငွေကျပ်သိန်း(၁၀၀၀) လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြည်သူများနှင့်သက်ဆိုင်သည့် အရေးကိစ္စများအား ပြန်လည်အလုပ်အကျွေးပြုခြင်းပင်ဖြစ်ကြောင်းနှင့် လှူဒါန်းပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူး ဦးဉာဏ်ဝင်းမှ အလှူငွေကျပ်သိန်း(၁၀၀၀)အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက်‌ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးကိုယ်စားပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ လက်ခံရယူခဲ့ပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက COVID-19 နှင့်ပတ်သက်၍ နိုင်ငံတော်အဆင့် ဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီးအဆင့် ဆောင်ရွက်နေမှုများနှင့် လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

Read More »

ပြည်သူသို့ ပန်ကြားချက်

19

မတ် ၁၃ (ပဲခူး) ▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ကြေညာချက်အမှတ် ၁/ ၂၀၂၀ ၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ( ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက် )

Read More »

အေးချမ်းသာယာ ပြည်သူ့အိမ်ယာများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး MTBG Co., Ltd မှ လာရောက်တွေ့ဆုံ

FI

မတ် ၁၃ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၁၃)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ အေးချမ်းသာယာ ပြည်သူ့အိမ်ယာများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး Myanmar Top Business Group (MTBG) Co., Ltd ၊ ဥက္ကဋ္ဌ ဦးသိန်းဟန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး အသွင်သဏ္ဍာန်နှင့် အနှစ်သာရများ ပြုပြင်ပြောင်းလဲရေးကာလတစ်ခုဖြစ်ကြောင်း၊ ယခင်ခေတ်ကာလများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပြည်ပနိုင်ငံများနှင့် စီးပွားရေးအရ ချိတ်ဆက်ဆောင်ရွက်ရာတွင် ကျဉ်းမြောင်းခဲ့သော်လည်း ယခုခေတ်ကာလသည် နိုင်ငံတကာနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ချိတ်ဆက်ဆောင်ရွက်မှု အရှိန်အဟုန်တစ်ခုကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ များများရင်းနှီးမြှုပ်နှံမှသာ တိုင်းပြည်အတွက် လိုအပ်သည့် အခွန်ဘဏ္ဍာငွေများ ရရှိနိုင်မည်ဖြစ်ပြီး အစိုးရမှလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ စက်မှုဇုန်နှင့် မြိုပြအိမ်ယာများ …

Read More »