Home / 2020 / March / 16

Daily Archives: March 16, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးတက္ကသိုလ်၌ သိမ်းဆည်းခံ လယ်သမားများနှင့်တွေ့ဆုံညှိနှိုင်း

FI

မတ် ၁၆ (ပဲခူး) ================== မတ်လ(၁၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)နာရီအချိန်က ပဲခူးတက္ကသိုလ်ဧရိယာအတွင်း ပါဝင်သွားသည့် သိမ်းဆည်းခံ လယ်သမားများအား ပဲခူးတက္ကသိုလ်၌ တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတက္ကသိုလ်ဧရိယာအတွင်း ပါဝင်သွားသည့် သိမ်းဆည်းခံ လယ်ယာမြေများနှင့်ပတ်သက်၍ ကဏ္ဍတစ်ခုချင်းအလိုက် ညှိနှိုင်းဖြေရှင်းပေးရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခင်ခေတ်ကာလအချိန်တုန်းက ပဲခူးတက္ကသိုလ် တည်ဆောက်ရန် သိမ်းဆည်းခဲ့သော်လည်း သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနမှ နစ်နာကြေး၊ လျော်ကြေး ပေးလျော်ခဲ့ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ယခုအခါ အစိုးရစက်မှု၊လက်မှုသိပ္ပံ(ပဲခူး) တည်ဆောက်ရန် လျာထားခဲ့သည့် မြေဧရိယာ(၁၆၀)ဧကအတွင်း နစ်နာခဲ့ရသည့် တောင်သူများအား ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်သည့် တစ်ဧကနှုန်းထား ငွေကျပ်သိန်း(၃၀)နှင့် မိမိတို့ပဲခူးတိုင်းဒေသကြီးအစိုးရမှ ထပ်မံ၍ (၄၀×၆၀)ပေ မြေကွက်(၁)ကွက် ခွင့်ပြုချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် သက်ဆိုင်ရာတောင်သူများမှလည်း တစ်ဖွဲ့ချင်းအလိုက် တင်ပြပေးရန် ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် သိမ်းဆည်းခံတောင်သူများက အစိုးရစက်မှု၊လက်မှုသိပ္ပံ(ပဲခူး) တည်ဆောက်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် …

Read More »

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးပြီး ပရိတ်တရားတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပပြုလုပ်

7

မတ် ၁၆ (ပဲခူး) —————————- ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး မတ်လ(၁၆)ရက်နေ့  နံနက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများမှ ပရိတ်တရားတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်အပေါင်းက ပဲခူးမြို့ ကိုးသိန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်တော်မူကြသည်။ ထို့နောက် ပဲခူးတိုင်း‌ဒေသကြီး ဂိုဏ်းပေါင်းစုံသံဃနာယက ဆရာတော်ကြီးများမှ ပရိတ်ကြီး(၁၁)သုတ်ကို ရွတ်ဖတ်ပူဇော်ကြပြီး မင်းကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)မှ ပရိတ်မွန်းတရားတော် ချီးမြှင့်တော်မူသည်။ ယင်းနောက် ဝန်ကြီးချုပ်၊ ဥပဒေချုပ်၊ ဝန်ကြီးနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည့် ဂိုဏ်းပေါင်းစုံမှသံဃနာယက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ …

Read More »