Home / 2020 / March / 22

Daily Archives: March 22, 2020

COVID-19 ကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း၊ ကုသခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

မတ် ၂၂ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၂၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်က Coronavirus Disease 2019 (COVID-19) ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသရေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Coronavirus Disease 2019 (COVID-19) သည် ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ်လ(၂၁)ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံ(၁၉၄)နိုင်ငံအနက် (၁၇၇)နိုင်ငံသည် COVID-19 ရောဂါဖြစ်ပွားမှုရှိနေပြီး မိမိတို့နိုင်ငံသို့လည်း အချိန်မရွေး ဝင်ရောက်ဖြစ်ပွားနိုင်ချေရှိသည်ကို သတိပြုနိုင်စေရန် အသိပေးထားပြီးဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားလာပါက ပဲခူးမြို့တွင် ပဲခူးမြို့နယ်၊ ကလိ(၆)ထပ်ဆေးရုံ အနောက်ဘက်ရှိ တိုင်းကျန်းမာရေး အဆောက်အဦအသစ်ကို လျာထားပြီး လိုအပ်သည့် ရေ၊ မီး၊ လမ်းများ ချက်ခြင်းရရှိနိုင်ရန် ကြိုတင်စီစဉ်ထားပြီးလည်းဖြစ်ကြောင်း၊ ပြည်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် တောင်ငူမြို့ရှိ တောင်ငူဆေးရုံကြီးများတွင်လည်း သံသယလူနာ ရောက်ရှိလာပါက လူနာထားရှိရမည့် …

Read More »

ယာဉ်မောင်းလိုင်စင် ဖြေဆိုသူများအား အသိပေးခြင်း

LS

မတ် ၂၂ (ပဲခူး) ================== 2019 Novel Coronavirus (COVID-19) ကြိုတင်ကာကွယ်ရေးနှင့် ကူးစက် ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် ဤဦးစီးဌာနတွင်လူစုလူဝေးဖြင့် ဆောင်ရွက်ရသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းများ၊ ၎င်းသင်တန်းနှင့် ဆက်စပ်လျက်ရှိသော ယာဉ်မောင်းလိုင်စင် ဖြေဆို၊ စစ်ဆေးခြင်း လုပ်ငန်းများကို (၂၃.၃.၂၀၂၀)ရက် တနင်္လာနေ့မှစ၍ ခေတ္တရပ်ဆိုင်းထားပါကြောင်းနှင့် သင်တန်းများ ပြန်လည်စတင်ဖွင့်လှစ်နိုင်မည့်ရက်အား ကြိုတင်ကြေညာသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

Read More »