Home / 2020 / April

Monthly Archives: April 2020

ဧပြီလ ၃၀ ရက်နေ့ သတင်းထုတ်ပြန်ချက်

30-4

ဧပြီ ၃၀ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃၀-၄-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၄၄)ဦးအား ကျန်းမာရေးစောင့်ကြည့်ပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၇)ဦး  ဆေးကုသမှုခံယူနေကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၉၄၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၁)ဦး ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၂၀၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၃၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် တက်ရောက်ဆေးကုသမှုခံယူနေသူမရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Jiang Nan International Co., မှ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်း

FI

ဧပြီ ၃၀ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမသို့ ဧပြီလ(၃၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး  Jiang Nan International Co., မှ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ Jiang Nan International Co., MD. Mr Tu Guoding က ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ တရုတ်နှင့် မြန်မာသည် ရှေးယခင်ကတည်းက ဆွေမျိုးပေါက်ဖော်များဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး စီးပွားရေး၊ လူမှုရေး၊ စာပေ၊ ယဉ်ကျေးမှု စသည်တို့ အမှီပြုနေထိုင်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအပိုင်းမှာလည်း တရုတ်နိုင်ငံမှ ဆေးပညာရှင်များ လာရောက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိသလို …

Read More »

ဧပြီလ ၂၉ ရက်နေ့ သတင်းထုတ်ပြန်ချက်

29-4

ဧပြီ ၂၉ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၉-၄-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၆၃)ဦးအား ကျန်းမာရေးစောင့်ကြည့်ပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၇)ဦး  ဆေးကုသမှုခံယူနေကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၉၃၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၁)ဦး ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၂၀၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၂၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးမြို့ မြို့တော်ခန်းမတွင်ဖွင့်လှစ်ထားရှိသည့် COMMUNITY FEVER CLINIC, BAGO ဖျားနာရောဂါကုဆေးခန်းသို့ သွားရောက်ကြည့်ရှုအားပေး

FI

ဧပြီ ၂၉ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းသည် ဧပြီလ(၂၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားရှိသော COMMUNITY FEVER CLINIC, BAGO ဖျားနာရောဂါကုဆေးခန်းသို့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား COMMUNITY FEVER CLINIC,BAGO အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံဆရာဝန်အသင်း(ပဲခူးတိုင်း) အတွင်းရေးမှူး ဒေါက်တာနေမျိုးမှ ဖျားနာရောဂါကုဆေးခန်းအတွင်း ဆောင်ရွက်ထားရှိပုံ အဆင့်ဆင့်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက COVID-19 ရောဂါအကာအကွယ်ပြုနိုင်မည့် မျက်နှာစည်း(Face Cover)(၁၀၀)ခုပါပုံတစ်ပုံအား ဒေါက်တာနေမျိုးထံ ပေးအပ်ခဲ့သည်။ COMMUNITY FEVER CLINIC,BAGO ဖျားနာရောဂါကုဆေးခန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံတွင် COVID -19 ရောဂါဖြစ်ပွား/သေဆုံးမှု အနည်းဆုံးဖြစ်စေ‌ရန်၊ ရောဂါကာကွယ် …

Read More »

ဧပြီလ ၂၈ ရက်နေ့ သတင်းထုတ်ပြန်ချက်

28-4

ဧပြီ ၂၈ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၈-၄-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၅၇)ဦးအား ကျန်းမာရေးစောင့်ကြည့်ပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၆)ဦး  ဆေးကုသမှုခံယူနေကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၈၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၁)ဦး ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၂၀၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၀၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝေါမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် COVID- 19 ကာကွယ်တားဆီးရေး စုပေါင်းစစ်ဆေးရေးဂိတ်တွင် လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

FI

ဧပြီ ၂၈ (ပဲခူး) ————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဧပြီလ(၂၇)ရက်နေ့ ညနေ(၅)နာရီအချိန်က ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဝေါမြို့နယ် စစ်တောင်းတံတားထိပ်တွင် ဖွင့်လှစ်ထားရှိသည့် COVID- 19 ကာကွယ်တားဆီးရေး စုပေါင်းစစ်ဆေးရေးဂိတ်တွင် လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဝေါမြို့နယ် COVID- 19 ကာကွယ်တားဆီးရေး စုပေါင်းစစ်ဆေးရေးဂိတ် အဖွဲ့ခေါင်းဆောင် ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်‌ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်းမှ စုပေါင်းစစ်ဆေးဂိတ်တွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီဟမှ ရေးဆိုင်ရာစစ်ဆေးနေမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ မိမိတို့တိုင်း‌ဒေသကြီးအတွင်း မြဝတီဘက်မှ ဝင်ရောက်လာကြသည့် ပြည်သူများအား တစ်ဦးချင်းစီအလိုက် CIVID-19 ရောဂါနှင့်ပတ်သက်၍ စနစ်တကျ ကျန်းမာရေးကို အထူးပြုစစ်ဆေးပေးရန်လိုကြောင်း၊ ဝင်ရောက်လာကြသည့် မော်တော်ယာဉ်များနှင့် ခရီးသည်များကိုလည်း တိကျစွာ မှတ်တမ်းစာရင်းဇယား ယူထားကြရန်လိုကြောင်း၊ စစ်ဆေးမှုပြုလုပ်ရာတွင်လည်း တာဝန်ရှိဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ဂရုပြုကြရန်လိုအပ်ကြောင်း၊ …

Read More »

ဧပြီလ ၂၇ ရက်နေ့ သတင်းထုတ်ပြန်ချက်

27-4

ဧပြီ ၂၇ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၇-၄-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၄၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၃၇)ဦးအား ကျန်းမာရေးစောင့်ကြည့်ပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၇)ဦးအား  ဆေးကုသမှုခံယူနေကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၉၃၅)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် တက်ရောက်ကုသနေသူ မရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၉၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၉၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

Read More »

ကျောက်တံခါးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အိပ်ဖွင့်တင်ဒါခေါ်ယူခြင်း

FI

ဧပြီ ၂၇ (ကျောက်တံခါး) ======================= ကျောက်တံခါးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျောက်တံခါးမြို့ ပျံကျစျေးဆိုင်ခန်းများ တည်ဆောက်ခြင်းနှင့် ပျံကျစျေးပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ပြည်တွင်းလုပ်ငန်းရှင်များ တင်ဒါဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အိတ်ဖွင့်တင်ဒါခေါ်နေမှုအား အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

FI

ဧပြီ ၂၇ (ပဲခူး) ==================== ဧပြီလ (၂၇)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ နှမ်းလုပ်ငန်းရှင်များအသင်းနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ လှူဒါန်းရခြင်း အကြောင်းအား ပြောကြားခဲ့ပြီး Mask(95)နှင့် အခြားကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ပါဝင်သော စက္ကူပုံး(၄၅)ပုံး၊ တန်းဖိုးငွေကျပ် (၁၄၁)သိန်းကျော်ခန့်အားလည်းကောင်း၊ အာရှလှိုင်းကုမ္ပဏီမှ အလှူငွေကျပ်သိန်း(၂၀)အားလည်းကောင်း အသီးသီး လှူဒါန်းရာ၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျေးဇူးတင်စကားနှင့် ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပဲခူးဆေးရုံမှ …

Read More »

ဧပြီလ ၂၆ ရက်နေ့ သတင်းထုတ်ပြန်ချက်

26-4

ဧပြီ ၂၆ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၆-၄-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၄၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၆၈)ဦးအား ကျန်းမာရေးစောင့်ကြည့်ပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၃)ဦးအား  ဆေးကုသမှုခံယူနေကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၉၇၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် တက်ရောက်ကုသနေသူ မရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၉၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၀၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

Read More »