Home / 2020 / April / 01

Daily Archives: April 1, 2020

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်မှုနှင့် ကျုံးပတ်လမ်းတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး

FI

ဧပြီ ၁ (ပဲခူး) ____________________ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဧပြီလ(၁)ရက်နေ့ ညနေ(၅)နာရီအချိန်က ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပဲခူးမြို့တွင် ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်မှုနှင့် ကျုံးပတ်လမ်းအတွင်း/အပြင် တူးဖော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်အဖွဲ့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့် လုပ်ငန်းတာဝန်ယူဆောင်ရွက်နေသည့် Maung San KS Co.,Ltdကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာဦးခင်မောင်ဇော်တို့က ကျုံးပြန်လည်တူးဖော်မှုနှင့် ကျုံးပတ်လမ်းအတွင်း/အပြင်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတါသက်၍ရှင်းလင်းပြသရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။ ကျုံးပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Maung San KS Co.,Ltdကုမ္ပဏီမှ တာဝန်ယူကာ ဟံသာဝတီမြို့ဟောင်းအနောက်မြောက်‌ဒေါင့် မြို့ရိုးတူးဖော်မှုအမှတ်BGO-2မှ မုတ္တမတံခါး(ကျောက်တွင်းကုန်းလမ်းဆုံ)အထိ ကျုံးအတွင်းရှိ အမှိုက်များ၊ ဒိုက်များအားဆယ်ယူခြင်း၊ အကျယ်(၂၁၀)ပေ၊ အနက်(၁၀)ပေဖြစ်အောင် ကျုံးအားပြန်လည်တူးဖော်ခြင်းအပြင် အရှည်ပေ(၃၂၅၀)ပေရှိ ကျုံးအတွင်းပတ်လမ်းနှင့် အပြင်ကျုံးပတ်လမ်းတို့အား မြေသားလမ်းအဖြစ်ဖော်ဆောင်ကာ အတွင်းကျုံးပတ်လမ်းအား ဂဝံလမ်းအဖြစ်လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအားထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ဟံသာဝတီမြို့ရိုးပြန်လည်တူးဖော်မှု ကုန်းအမှတ်BGO-1(သိန္နီတံခါးပေါက်အနီး)၊ BGO-2ဟံသာဝတီမြို့ရိုး …

Read More »

ဧပြီလ(၁)ရက်နေ့ စာရင်းထုတ်ပြန်ချက်

1-4-2020

ဧပြီ ၁ (ပဲခူး) ============ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁-၄-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)အချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၁၃)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၅၆၁)ဦးအား ဝန်ထမ်းအင်အား (၁၁၈၉)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၂၀)ဦးအား  ဆေးကုသမှုခံယူနေကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၉၃)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၉၃၇)ဦးအား ဝန်ထမ်းအင်အား (၁၀၆၈)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၈)ဦးအား  ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၇)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၄၆)ဦးအား ဝန်ထမ်းအင်အား (၆၄၆)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိပါကြောင်းနှင့် သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၃၂)ခုရှိ၌ ပြည်ပမှပြန်လာသူ …

Read More »