Home / 2020 / April / 03

Daily Archives: April 3, 2020

ဧပြီလ(၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

3-4

ဧပြီ ၃ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃-၄-၂၀၂၀)ရက်နေ့၊ (၂၀:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၃၆၇)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၇၅၇)ဦးအား ကျန်းမာရေးစောင့်ကြည့်ပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၉)ဦးအား  ဆေးကုသမှုခံယူနေကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၂၀၃)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၇၉၁)ဦးရှိပြီး သံသယလူနာအဖြစ်(၄)ဦးအား ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၉)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၃၈)ဦးရှိပြီး (COVID-19) Positive ရောဂါပိုးတွေ့ရှိသူ (၄)ဦးအား စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၃၇)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၂၆)ဦးအား ကျန်းမာရေးစောင့်ကြည့်ပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၇)ဦးအား  ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

Read More »