Home / 2020 / April / 06

Daily Archives: April 6, 2020

ဧပြီလ (၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

6-4

ဧပြီ ၆ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၆-၄-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၃၆၄)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၀၈၉)ဦးအား ကျန်းမာရေးစောင့်ကြည့်ပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၄)ဦးအား  ဆေးကုသမှုခံယူနေကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၂၁၇)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၅၇၄)ဦးရှိပြီး သံသယလူနာအဖြစ်(၃)ဦးအား ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၈၇)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၃၂၄)ဦးရှိပြီး၊ သံသယလူနာ(၂)ဦးနှင့်  (COVID-19) Positive ရောဂါပိုးတွေ့ရှိသူ (၄)ဦးအား စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၃၈)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၁၈)ဦးအား ကျန်းမာရေးစောင့်ကြည့်ပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၅)ဦးအား  ဆေးကုသမှုခံယူနေကြောင်း …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရေး ဧရာ၀တီဖောင်ဒေးရှင်းမှ ဆန်အိတ်(၁၀၀၀)လာရောက်လှူဒါန်း

FI

ဧပြီ ၆ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဧပြီလ (၆)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရေးအတွက် ဧရာ၀တီဖောင်ဒေးရှင်းမှ ဆန်အိတ်(၁၀၀၀)လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက COVID-19 ကာကွယ်ရေးလုပ်ငန်းစဉ်များကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ကတည်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဆောင်ရွက်ခဲ့ပြီး၊ ယခုအချိန်ထိလည်း အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများမှ ပြန်လာသော မြန်မာနိုင်ငံသားများအား Facility Quarantine တွင် (၁၄)ရက် စောင့်ကြည့်နေထိုင်စေလျက်ရှိပြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ပရဟိတအစီအစဉ်ဖြင့်လည်းကောင်း ကျွေးမွေးခြင်း၊ ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ၊ ယခုလာရောက် လှူဒါန်းသည့် ဆန်အိတ်များကိုလည်း လိုအပ်သည့် Facility Quarantine များသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ယခုလို လာရောက်လှူဒါန်းပေးမှုအပေါ် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီဖောင်ဒေးရှင်းများ ဒါရိုက်တာ ဦးဆန်းလင်းဝင်းမှ …

Read More »