Home / 2020 / May / 05

Daily Archives: May 5, 2020

မေလ(၅)ရက်နေ့ သတင်းထုတ်ပြန်ချက်

5-5

မေ ၅ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၅-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၄၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၂၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၃)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၈၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၁၅)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ (၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၆၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် တက်ရောက်ဆေးကုသမှုခံယူနေသူမရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တိုင်းဒေသကြီးစာရင်းချုပ်အနေဖြင့် Facility Quarantine (၄၉၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၃၁၈)ဦးရှိပြီး ဆေးရုံ၌ …

Read More »

အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောာင်အဖွဲ့နှင့်ပတ်သက်၍ Online Meeting ကျင်းပပြုလုပ်

FI

မေ ၅ (ပဲခူး) ====================== မေလ(၅)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောာင်အဖွဲ့ (National Volunteer Steering Unit) နှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (အတွင်းရေးမှူး၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့)နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဝန်ကြီးချုပ်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် Online Meeting ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီး ပြည်ပနိုင်ငံများမှ ပြန်လာသည့် မြန်မာနိုင်ငံသားများအား Facility Quarantine ထားရှိဆောင်ရွက်နေမှု၊ စေတနာ့ဝန်ထမ်း(အရပ်ဘက်လူမှုအဖွဲ့အစည်း)များမှ ကူညီပူးပေါင်းဆောင်ရွက်နေမှုနှင့် ယင်းအဖွဲ့၏ အရေးပါမှုများကိုလည်းကောင်း၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောာင်အဖွဲ့  (National Volunteer Steering Unit)၏ ညွှန်ကြားချက်များနှင့်အညီ စေတနာ့ဝန်ထမ်း (အရပ်ဘက်လူမှုအဖွဲ့အစည်း)များအား အစိုးရအဖွဲ့မှ ပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

Read More »