မေ ၁၁ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၁-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၂၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၅)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၂၁၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၆၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၉၅၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၉၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် တက်ရောက်ဆေးကုသမှုခံယူနေသူမရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၂၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၁၈၇)ဦးရှိပြီး ဆေးရုံ၌ …
Read More »Daily Archives: May 11, 2020
ပဲခူးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်
မေ ၁၁ (ပဲခူး) ================== မေလ (၁၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Facility Quarantine စခန်းများနှင့် စာရင်းဇယားများ မှန်ကန်မှုရှိစေရန်၊ Volunteer(စေတနာ့ဝန်ထမ်း) စာရင်းများ ပြုစုတင်ပြရန်၊ ပုဒ်မ(၁၄၄) ထုတ်ပြန်ထားရှိသည့်ကိစ္စအား တရားဥပဒေနှင့်အညီ တိကျစွာ အရေးယူဆောင်ရွက်ရန်၊ မကြာမီ မိုးရာသီရောက်ရှိလာမည်ဖြစ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များအတွက် ကြိုတင်စီမံထားရှိရန်နှင့် အထူးသဖြင့် ဆည်/ တမံများ၏ ကြံ့ခိုင်ရေးများ သက်ဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် စစ်ဆေးရန်တို့အား မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ပြည်ပနိုင်ငံများမှ ပြန်လာသူများအား နယ်စပ်ဝင်ပေါက်မှတစ်ဆင့် …
Read More »