Home / 2020 / May / 13

Daily Archives: May 13, 2020

မေလ (၁၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

13-5

မေ ၁၃ (ပဲခူး) ======================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၃-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၄၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၂၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၅)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၂၄၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၇၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၄၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၂၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် တက်ရောက်ဆေးကုသမှုခံယူနေသူမရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၁၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၃၃၃)ဦးရှိပြီး ဆေးရုံ၌ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ MGS Breweries Co., Ltd မှ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

FI

မေ ၁၃ (ပဲခူး) =================== မေလ (၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ MGS Breweries Co., Ltd မှ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝဘေးနှင့်ကြုံတိုင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများက လာရောက်လှူဒါန်းကြသလို စေတနာ့ဝန်ထမ်းများကလည်း ဘယ်အချိန်အခါမျိုးဘဲဖြစ်ဖြစ် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှလည်း စေတနာ့ဝန်ထမ်း (Volunteer) များကိုလည်း ပြန်လည်ကူညီထောက်ပံ့ပေးနိုင်ရေး မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းဆောာင်ရွက်ရှိကြောင်းနှင့် ယခုလို လာရောက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်းမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် MGS Breweries Co., Ltd. MD ဦးသန့်ဇင်ထွန်းနှင့် ဦးနေမင်းထွန်းတို့က PPE ဝတ်စုံ(၁၅၀)စုံ၊ COVID-19 ကျန်းမာရေးအသိပညာပေးစာအုပ် (၁၅၀)အုပ်နှင့် ဆန်အိတ်(၅၀)အိတ်တို့အား ထောက်ပံ့လှူဒါန်းရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ခံရယူခဲ့ပြီး …

Read More »