Home / 2020 / May / 18

Daily Archives: May 18, 2020

မေလ (၁၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

18-5

မေ ၁၈ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၈-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၃၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၃၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၄)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၃၂၅)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၈၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၆၅)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် တက်ရောက်ဆေးကုသမှုခံယူနေသူမရှိကြောင်း၊  သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၅၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် တက်ရောက်ဆေးကုသမှုခံယူနေသူမရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၁၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၃၈၅)ဦးရှိပြီး ဆေးရုံ၌ …

Read More »

စီမံကိန်းလုပ်ငန်းများကို တင်ဒါစည်းကမ်းချက်နှင့်အညီ ပွင့်လင်းမြင်သာစွာ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် ဝန်ကြီးချုပ်လမ်းညွှန်မှာကြား

FI

မေ ၁၈ (ပဲခူး) ===================== မေလ (၁၈)ရက်နေ့၊ မွန်းလွဲ(၁၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ စီမံကိန်းကော်မရှင် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံကိန်းကော်မရှင် ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက စီမံကိန်းများ ရေးဆွဲရာတွင် နိုင်ငံတော်မှ မျှော်မှန်းချက်အဖြစ် မူဝါဒချမှတ်ထားသော MSDP ( Myanmar Sustainable Development Plan)(မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း)နှင့် ချိန်ထိုးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် (၁/၂၀၁၇)တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ မြန်မြန်ဆန်ဆန် ပြီးစီးအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စီမံကိန်းများသည် ဘဏ္ဍာနှစ်တစ်ခုတွင် တိုင်းဒေသကြီးတစ်ခု၏ ပြယုဂ်တစ်ခုဖြစ်၍ ဌာနဆိုင်ရာများအနေဖြင့် အဂတိကင်းစွာ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး မြင့်မောင်က ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားသည့် စီမံကိန်းများနှင့် လုပ်ငန်းစဉ် …

Read More »

ပဲခူးမြို့ပေါ်နေရာ(၈)ခု၌ Mask တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းများပြုလုပ်

FI

မေ ၁၈ (ပဲခူး) ——————- ပဲခူးတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ပဲခူးမြို့ပေါ်ရှိနေရာ(၈)နေရာတွင် နေအိမ်ပြင်ပသို့ သွားလာသူများအား မဖြစ်မနေ Mask စနစ်တကျ တပ်ဆင်သွားလာကြရန် ဌာနဆိုင်ရာပေါင်းစုံပါဝင်သော အဖွဲ့များမှ အသိပညာပေးခြင်းများပြုလုပ်ကြကြောင်းသိရသည်။ ပဲခူးမြို့ပေါ်တွင် ရွှေမော်ဓောဘုရားအနောက်ဖက်မုခ်၊ သနပ်ပင်လမ်း စိုက်ပျိုးရေးရုံးရှေ့၊ ဆံတော်တွင်းလမ်း ဥဿာသီရိကျောင်းရှေ့၊ တောင်ငူလမ်းမ၊ ဘုရင့်နောင်ဧည့်ရိပ်သာရှေ့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံရှေ့၊ ပဲခူးတက္ကသိုလ်ရှေ့၊ မြို့ရှောင်လမ်းနှင့် ပဲခူးမြို့တွင်းဈေးများ စသည့်နေရာများ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အတိုင်း မေလ(၁၇)ရက်နေ့မှ (၂၀)ရက်နေ့အထိ နေအိမ်ပြင်ပသို့ Mask တပ်ဆင်သွားလာခြင်းမရှိသူများကို အသိပညာပေးကာလအဖြစ်သတ်မှတ်ကာဆောင်ရွက်‌နေခြင်းဖြစ်ကြောင်းသိရသည်။ အသိပညာပေးကာလအတွင်း စီမံခန့်ခွဲရေးနည်းလမ်းဖြင့် Mask ကို စနစ်တကျ လုံခြုံစွာ တပ်ဆင်ခြင်းမရှိသူများအား ငွေကျပ်(၁၀၀ဝိ/-)ဖြင့် Mask (၂)ခု ဝယ်ယူတပ်ဆင်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ အဆိုပါနေရာအသီးသီး၌ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ Mask …

Read More »