မေ ၁၉ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၉-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၃၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၃၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၄)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၃၃၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၈၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၈၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၂၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၁၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၄၈၃)ဦးရှိပြီး ဆေးရုံ၌ …
Read More »Daily Archives: May 19, 2020
ပဲခူးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအတွက် ဆင့်ပွားသင်တန်းဖွင့်လှစ်
မေ ၁၉ (ပဲခူး) ————————- အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ စီစဉ်မှု၊ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (ပဲခူးတိုင်းဒေသကြီး)တို့၏ ကြီးကြပ်မှုဖြင့် မေလ(၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက် ပန်းခြံကုန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကျောင်းတွင် ပဲခူးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအတွက် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ပြုံးတို့က အမှာစကားပြောကြားပြီး သင်တန်းဆရာ မြန်မာနိုင်ငံဆရာဝန်အသင်း(ပဲခူးတိုင်းဒေသကြီး) အတွင်းရေးမှူး ဒေါက်တာနေမျိုးမှ သင်တန်းဆရာများနှင့်ဖိတ်ဆက်ပေးခြင်း၊ သင်တန်းဖွင့်လှစ်ပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် ပဲခူးမြို့အာသောကဓမ္မရိပ်သာQuarantine Center၊ ပဲခူးတက္ကသိုလ်Quarantine Centerနှင့် ဘုရားကြီးလူငယ်အဖွဲ့တို့တွင် စေတနာ့ဝန်ထမ်း(Volunteer) အဖြစ် လက်ရှိဆောင်ရွက်လုပ်ကိုင်နေကြသော သင်တန်းသား/သူ(၄၈)ဦးတက်ရောက်ကြပြီး မြန်မာနိုင်ငံဆရာဝန်အသင်း (ပဲခူးတိုင်းဒေသကြီး) မှ သင်တန်းနည်းပြဆရာဝန်များက စေတနာ့ဝန်ထမ်းလမ်းညွှန်၊ Communication ဆက်သွယ်ပြောဆိုမှုဆိုင်ရာများ၊ ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်း(အမျိုးသမီးအကြမ်းဖက်မှုများ၊ သက်ကြီးရွာ်အို၊ ကိုယ်ဝန်ဆောင်မိခင်၊ နို့စို့ကလေးသူငယ်၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါဝေဒနာရှင်များ)၊ မိမိကိုယ်ကိုရောဂါကာကွယ်နည်လမ်းများ၊ PPE …
Read More »