Home / 2020 / May / 20

Daily Archives: May 20, 2020

မေလ(၂၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

မေ ၂၀ (ပဲခူး) =============== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၀-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၃၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၅၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၄၅၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၇၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၂၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၀၅)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၁၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၅၉၉)ဦးရှိပြီး ဆေးရုံ၌ …

Read More »

လက်ထောက်ဆရာ၀န်ရာထူး လျှောက်လွှာခေါ်ယူခြင်း

မေ ၂၀ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံကြီး/ ဆေးရုံ/ တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် လက်ထောက်ဆရာဝန်ရာထူး (လစာနှုန်းထား-၂၇၅၀၀ဝိ-၄၀၀ဝိ-၂၉၅၀၀ဝိ) နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းအား သိရှိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ဆက်သွယ်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး         – ၀၅၂-၂၂၀၁၈၄၃ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာန – ၀၅၂-၂၂၀၁၇၅၉ ၊ ၀၅၂-၂၂၂၁၂၁၇

Read More »

COVID-19 အပါအဝင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မေ ၂၀ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေလ(၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က COVID-19 အပါအဝင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက COVID-19 နှင့်အတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခက်အခဲများလည်း ရင်ဆိုင်ကြုံတွေ့ဆိုင်မည်ဖြစ်၍ သဘာဝဘေးမဖြစ်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဖြစ်ပွားနေစဉ် ရှာဖွေကယ်ဆယ်ရေးနှင့် နေရာချထားပေးရေး လုပ်ငန်းစဉ်များနှင့် ဖြစ်ပွားပြီး ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင်ရှာဖွေပေးခြင်းတို့ကို ကြိုတင်တွက်ဆ ဆောင်ရွက်ထားကြရမှာဖြစ်ကြောင်း၊ မိုးကြိုးဘေး၊ လေဘေးတို့အတွက် ဖြစ်ပွားမှုများသော ဒေသများအတွင်း အသိပေးဆိုင်းဘုတ်များ၊ အသိပညာပေးခြင်းများ ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ သစ်တောသစ်ပင် ပြုန်းတီးမှု ကာကွယ်ရေး၊  ပြန်လည်စိုက်ပျိုးရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ပြီး ကျေးရွာများ၌လည်း ကျေးရွာထင်းစိုက်ခင်းများအပြင် ပျိုးဥယျာဉ်များ ထူထောင်ရန်လိုအပ်ကြောင်း၊ သဘာဝဘေးကာလတွင် ငွေကြေးသုံးစွဲမှု ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ စနစ်တကျ သုံးစွဲသွားရန်နှင့် လုံခြုံရေးစီမံချက်များ ပြန်လည်ရေးဆွဲထားရန်တို့အား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် …

Read More »

ရေတာရှည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးရုံ(၁)ရုံနှင့် ဆက်စပ်လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

မေ ၂၀ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်မည့် ရေတာရှည်မြို့မစျေး အနောက်ဘက် လမ်းဘေးမြေနေရာတွင် စျေးရုံ(၁)ရုံနှင့် ဆက်စပ်လုပ်ငန်းများအား မြန်မာနိုင်ငံသားလုပ်ငန်းများအား မြန်မာ(ကျပ်)ငွေဖြင့် အိတ်ဖွင့်တင်ဒါဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————-

Read More »