မေ ၂၂ (ပဲခူး) ================ မေလ ၂၂ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ ဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (Online Meeting) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူက COVID-19 ရောဂါ အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များအား တင်ပြရန် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ကြိုတင်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက COVID-19 ရောဂါ အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များကိုလည်းကောင်း၊ အထူးဖိတ်ကြားထားသည့် ပညာရှင်များက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် အခြေအနေများကိုလည်းကောင်း အကြံပြုဆွေးနွေးခဲ့မှုအပေါ် ဒုတိယသမ္မတက …
Read More »Daily Archives: May 22, 2020
မေလ ၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက်
မေ ၂၂ (ပဲခူး) ============ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၂-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၂၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၈၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၃)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၂၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၈၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၃၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၉၅)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၀၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၇၄၄)ဦးရှိပြီး ဆေးရုံ၌ …
Read More »KM Healthcare Myanmar Co., Ltd မှ ပြန်လည်အသုံးပြု၍ရသော Mask များ လာရောက်ထောက်ပံ့လှူဒါန်း
ပဲခူး မေ ၂၂ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ မေလ(၂၂)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေရှိ KM Healthcare Myanmar Co., Ltd မှ ပြန်လည်အသုံးပြု၍ရသော Mask (၄၅၀)ခုအား လာရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။ ရှေးဦးစွာ KM Healthcare Myanmar Co., Ltd , MD. Mr. Lee Dea Chun က ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အန္တရာယ်ကင်းစွာ ပြန်လည်လျှော်ဖွတ်ပြီး ရေရှည်အသုံးပြု၍ရသော Mask များအား ထုတ်လုပ်၍ လာရောက်ထောက်ပံ့လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ ထပ်မံ၍လည်း လိုအပ်လာပါက ပဲခူးမြို့ ဆေးရုံကြီးအတွက်လည်း ကျန်းမာရေးသုံးပစ္စည်းများ ဆက်လက် ထောက်ပံ့လှူဒါန်းပေးသွားရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် KM Healthcare …
Read More »