Home / 2020 / May / 26

Daily Archives: May 26, 2020

မေလ (၂၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

26-5

မေ ၂၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၆-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၂၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၇၁)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၂၀၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၉၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၃၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၁၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၄၇၅)ခု၌ ပြည်ပမှပြန်လာသူ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ PANKO Myanmar Co., Ltd နှင့် လောကနတ်ကုမ္ပဏီတို့မှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

FI

မေ ၂၆ (ပဲခူး) ====================== မေလ(၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် PANKO Myanmar Co., Ltd နှင့် လောကနတ်ကုမ္ပဏီတို့မှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းသည်။ ရှေးဦးစွာ PANKO Myanmar Co., Ltd နှင့် လောကနတ်ကုမ္ပဏီတို့မှ ဦးကျော်စွာစိုးနှင့် ဦးကျော်စိုးမိုးတို့က လှူဒါန်းရခြင်းအကြောင်းအား ပြောကြားခဲ့ပြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်း ၀ယ်ယူအသုံးပြုရန် တန်ဖိုးငွေကျပ်(၅၀)သိန်း၊ ခေါက်ဆွဲခြောက်(၁၀၀၀၀)ထုပ်၊ Face Mask(၁၀၀၀၀)ခုတို့အား ထောက်ပံ့လှူဒါန်းရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ …

Read More »