မေ ၂၉ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးCOVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မေလ(၂၉)ရက်နေ့ ညနေပိုင်းအချိန်က ပဲခူးမြို့ဗုဒ္ဓအသံဓမ္မဗိမ္မာန်ဝင်းအတွင်း၌ ပဲခူးမြို့Quarantineစခန်းများတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေသည့် Volunteerများအတွက် စားသောက်စရိတ်ငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေနှင့် ပဲခူးတိုင်းဒေသကြီးCOVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များ၊ ပဲခူးမြို့ စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်ဆွေတို့မှ ပဲခူးမြို့Quarantine စခန်းများတွင် COVID-19 ကပ်ရောဂါအစပြုချိန်မှစ၍ ယနေ့အထိ Anti.Covid-19 volunteer Bago team အတွက် စားသောက်စရိတ်ထောက်ပံ့ငွေကျပ်(၁၃၃၂၆၀ဝိ/-)အား ထောက်ပံ့ပေးအပ်ရာ Anti,Covid-19 Volunteer team မှ တာဝန်ခံ ဦးကျော်မျိုးဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Read More »Daily Archives: May 29, 2020
မေလ(၂၉)ရက်နေ့ သတင်းထုတ်ပြန်ချက်
မေ ၂၉ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၉-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၁၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၂၁)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၄၉၇)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၈၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၆၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၉၁)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၄၃၇)ခု၌ …
Read More »