Home / 2020 / May / 30

Daily Archives: May 30, 2020

မေလ(၃၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

မေ ၃၀ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃၀-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၉၂၉)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၅၆)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၇၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၁၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၁၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၄၇၂)ခု၌ …

Read More »

ပဲခူးမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များအား ဆွမ်းဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ဝတ္ထုငွေများ လှူဒါန်း

မေ ၃၀ (ပဲခူး) ————————— ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ပြီး ပဲခူးမြို့ရှိ စေတနာရှင်၊ အလှူရှင်များစုပေါင်းကာ မေလ(၃၀)ရက်နေ့ နေ့လည်(၁)နာရီအချိန်က ပဲခူးမြို့ ဥဿာသီရိစာသင်တိုက် ဝိမလရတနာသီရိ ဓမ္မဗိမာန်တေည်၌ ပဲခူးမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များအတွက် ဆွမ်းဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးမြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ရွှေနှင့် ဝန်ထမ်းများ၊ အလှူရှင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဋိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီရိန္ဒမဟာထေရ်မြတ်ထံမှ ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်အပေါင်းက ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဝန်ကြီးများနှင့် အလှူရှင်များက …

Read More »